မိုနိုနိုကဲ အကြောင်း စပြောရမယ်ဆိုရင် ပုံမှန် Anime တွေနဲ့ မတူဘဲ အရောင်တွေစုံလင်ပြီး ကြည့်နေရတာ လှုပ်ရှားနေတဲ့ ရေဆေးပန်းချီကားချပ်တွေလိုပါပဲ။ မကြည့်တတ်တဲ့လူတွေအတွက်တော့ နည်းနည်းခေါင်းမူးစရာ ဖြစ်နေမလားတော့ မသိပါဘူး။ ကဲ၊ မိုနိုနိုကဲ ရဲ့အကြောင်း ပြောရမယ်ဆိုရင် သူက စူပါနထရယ် စီးရီးက ညီအစ်ကိုနှစ်ကောင်လို၊ ဆရာမ ဒဂုန်ခင်ခင်လေး ရဲ့ “မှော်ဆရာမှတ်တမ်း” ထဲက အထက်လမ်းအပနှင်ဆရာတွေလိုမျိုး ဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီး ပရလောကဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။ သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိနေပြီး အဲဒီမကောင်းဆိုးရွား ဝိညာဉ်ပရလောကသားတွေကို နှိမ်နင်းဖို့ “သွင်ပြင်သဏ္ဍာန်”၊ “အမှန်တရား”၊ “အကြောင်းရင်း” ဒီအချက်သုံးချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီး သုတ်သင်ဖြေရှင်းပေးတာမျိုးပါ။ အခု တတိယကားမှာလည်း ဆေးဝိဇ္ဇာကြီးတစ်ယောက် အပျိုတော်နန်းတွင်းဆောင် ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ သူရောက်ရှိလာချိန်မှာတော့ အပျိုတော်နန်းတွင်းဆောင်ထဲမှာ ကြင်ယာတော်တစ်ပါးကနေ ရှင်ဘုရင်ရဲ့ အမွေခံစစ်စစ်ဖြစ်သူ သားယောက်ျားလေးကို မွေးဖွားတော့မှာပါ။ အဲဒီအချိန်မှာပဲ မြွေမိစ္ဆာဆိုတဲ့ နာနာဘာဝတစ်ကောင်က ထကြွသောင်းကျန်းပါတော့တယ်။ ထုံးစံအတိုင်း ဆေးဝိဇ္ဇာကြီးလည်း အဲဒီမြွေမိစ္ဆာ မိုနိုနိုကဲ ရဲ့ “သွင်ပြင်သဏ္ဍာန်”၊ “အမှန်တရား”၊ “အကြောင်းရင်း” ကို ရှာဖွေဖော်ထုတ်ရမယ့်အပြင် ဒီကားထဲမှာတော့ အပျိုတော်နန်းတွင်းဆောင်သူတွေ ကိုးကွယ်ဆုတောင်းကြတဲ့ ရေနတ်သမီးရဲ့အကြောင်း၊ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က စတင်တည်ထောင်ခဲ့စဉ်က အမှန်တရားတွေနောက်ပြီး ရှင်ဘုရင်မင်းရဲ့ အမွေခံကလေးဇာတ်လမ်းတွေနဲ့အတူ သုံးကားမြောက်ကို အဆုံးသတ်ပေးခဲ့ပြီ ဖြစ်တာမို့ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။
ချန်နယ်လင့်
ဇာတ်ကားလင့်
