အိမ်ပြန်ချင်တယ် (၂၀၁၉) ၆ နှစ်ကြာ ပျောက်ဆုံးနေတဲ့ သားလေးကို… — Hana : The Sweet Orophile — TG.ME

အိမ်ပြန်ချင်တယ် (၂၀၁၉)

၆ နှစ်ကြာ ပျောက်ဆုံးနေတဲ့ သားလေးကို မျှော်လင့်ချက်မလျှော့ဘဲ ရှာဖွေနေတဲ့ မိခင် ဂျောင်ယွန်း တစ်ယောက် တစ်နေ့မှာတော့ သားနဲ့ ရုပ်ရည်ဆင်တူပြီး အမာရွတ်ပါ တူနေတဲ့ ကလေးတစ်ယောက်ကို ရွာတစ်ရွာမှာ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းရလာပါတော့တယ်။ သားဖြစ်သူကို ရှာဖွေဖို့ အဲဒီရွာလေးကို ရောက်သွားတဲ့အခါမှာတော့ ရွာသားတွေနဲ့ ရဲတွေက ကလေးကို မတွေ့ဖူးကြောင်းပဲ ပြောနေကြပြီး သူ့ကို မလိုလားသလို ဆက်ဆံခဲ့ကြပါတယ်။ သံသယဝင်စရာကောင်းနေတဲ့ ရွာသားတွေရဲ့ အပြုအမူကြောင့်ပဲ ဂျောင်ယွန်း တစ်ယောက် အမှန်တရားကို မရမက ဖော်ထုတ်ဖို့ ကြိုးစားရင်း မထင်မှတ်ထားတဲ့ အမှောင်ဖုံးလွှမ်းနေတဲ့ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ မိခင်တစ်ယောက်ရဲ့ သားအပေါ် လက်မလျှော့တဲ့ ယုံကြည်မှုနဲ့ လူတွေရဲ့ တိတ်ဆိတ်မှု၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို တဖြည်းဖြည်း ဖော်ထုတ်သွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့်
➡️ t.me/c/2567751525/1769
September 25, 2026 218 1