အမေရိကန်တရားရုံးချုပ်မှာ ပထမဦးဆုံး အာဖရိကန်-အမေရိကန် တရားသူကြီးချုပ်ဖြစ်လာခဲ့တဲ့ လူတစ်ယောက်ရှိတယ်။ သူ့နာမည်က မာရှယ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်က မာရှယ် ရဲ့ ငယ်ဘဝအစောပိုင်းကာလ ရှေ့နေလိုက်ခဲ့တဲ့ နာမည်ကြီးအမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ တရားရေးရာ ဒရမ်မာ ကြိုက်တဲ့လူတွေအဖို့ တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဆိုလည်း လုံးဝမမှားပါဘူး။ ၂ နာရီစာ ကြာမြင့်တဲ့ ဒီရုပ်ရှင်က ၂ နာရီစာလုံး ထိုင်ရာကမထနိုင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။
ဇာတ်ညွှန်းအနေနဲ့ ၁၉၄၀ ခုနှစ်၊ ဂရင်းဝှစ်ခ်ျ မြို့က လူကုံထံလူဖြူအမျိုးသမီး အယ်လီနော် က သူ့ကို အိမ်ဖော် ဂျိုးဆပ်စပဲ က အတင်းအဓမ္မပြုကျင့်ပြီး ရေလှောင်ကန်ထဲ ပစ်ချကာ သ-တ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး တရားစွဲလာခဲ့ပါတယ်။ ချမ်းသာတဲ့ လူဖြူအမျိုးသမီးကို ဒီလိုမျိုးလုပ်ရတဲ့ အမှုမျိုးက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပထမဦးဆုံးခံရတာက လူမည်းတွေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ လူမည်းတွေကို အလုပ်ဖြုတ်တာတွေ ဖြစ်လာပြီး လူဖြူ၊ လူမည်းပြဿနာတွေ ကြီးထွားလာခဲ့ပါတယ်။ ဂျိုးဆပ်စပဲ ဟာလည်း ကြိုးမိန့်ကျဖို့ နီးစပ်လာပါတယ်။ အန်အေစီစီပီ မှာ မာရှယ် ဆိုတဲ့ လူငယ်ရှေ့နေလေးတစ်ယောက်ရှိတယ်။ သူဟာ ပြည်နယ်ပြင်ပက လာခဲ့သူမို့ ဒီအမှုကို တိုက်ရိုက်ကိုင်ခွင့် မရခဲ့ပါဘူး။ တရားခွင်မှာ နှုတ်ပိတ်ပြီး နောက်ကွယ်ကပဲ ပြောဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။ ဆိုတော့ ဒီအမှုရဲ့ တကယ်တမ်း ရင်ဆိုင်ရတဲ့ရှေ့နေက အာမခံအမှုတွေပဲ လိုက်ဖူးတဲ့ ဒေသခံရှေ့နေ ဆမ်ဖရိုက်မန်း ဖြစ်လာခဲ့ပါတယ်။ လူမည်းကို ကာကွယ်ပေးနေတဲ့ လူဖြူတစ်ယောက်ဖြစ်သွားတဲ့ ဆမ်ဖရိုက်မန်း ဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာတွေအထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အမှုက ဘယ်လိုဖြစ်သွားမလဲ၊ ဘယ်လောက်တောင် ကြည့်လို့ကောင်းမှာလဲဆိုတာကို ဆက်လက်ခံစားကြည့်ရှုရမှာပါ။ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ခုဖြစ်တာနဲ့အညီ တော်တော်လေးကို ကြည့်လို့ကောင်းတာမို့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။
ချန်နယ်လင့်
ဇာတ်ကားလင့်
