ဒါဆို ဟာ ကိုယ်ဝန်ဆောင်ဇနီးသည် ဒါဆီ နဲ့အတူ အင်ဒိုနီးရှားရိုးရာ လူရွှင်တော်ဝတ်စုံကို ဝတ်ဆင်ပြီး လမ်းဘေးမှာ ဖျော်ဖြေကာ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ဆင်းရဲသားအနုပညာရှင်တစ်ယောက်ပါ။ တစ်ညမှာ အိမ်အပြန် ရထားလမ်းဘေးက လူမိုက်တွေဟာ ဇနီးသည် ဒါဆီ နဲ့ သူမရဲ့ဝမ်းထဲက ကလေးကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြပါတယ်။ ဖြေဆည်မရနိုင်တဲ့ ပူဆွေးမှုတွေကြောင့် စိတ်မထိန်းနိုင်တော့တဲ့ ဒါဆို ဟာ သူ့ရွာကို ပြန်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ မသမာတဲ့ကုမ္ပဏီတစ်ခုက ရွာသားတွေရဲ့မြေတွေကို သိမ်းယူဖို့ ကြိုးစားရင်း ရိုးရာပွဲတော်တစ်ခုကို နှောင့်ယှက်ဖျက်ဆီးခဲ့တာကြောင့် ရုတ်ရုတ်သဲသဲတွေ ဖြစ်ပေါ်လာပြီး ကျိန်စာတစ်ခု အသက်ဝင်လာပါတော့တယ်။ အဲဒီကနေ ဒါဆို ဟာ လက်စားချေလိုစိတ်တွေနဲ့ ပြည့်နှက်နေတဲ့ အမှောင်အင်အားစုတစ်ခုရဲ့ ကြောက်မက်ဖွယ်စွမ်းအားအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီဇာတ်ကားဟာ သာမန်သရဲခြောက်တာ၊ ကျိန်စာတိုက်တာမျိုးတွေနဲ့ ကွဲထွက်နေပြီး အင်ဒိုနီးရှားရိုးရာသိုင်းပညာဖြစ်တဲ့ ဆီလတ်ကို အသုံးပြုတိုက်ခိုက်တဲ့ အက်ရှင်ခန်းတွေ၊ ကြမ်းတမ်းတဲ့ အထိုးအခုတ်နဲ့ အသက်အန္တရာယ်ပေးတဲ့ ဇာတ်ဝင်ခန်းတွေကို အားကောင်းကောင်းနဲ့ ဖွဲ့စည်းတင်ဆက်ထားတာပါ။
ချန်နယ်လင့်
ဇာတ်ကားလင့်
