တိတ်တခိုးချစ်ရသူ (၂၀၂၆) ငယ်သူငယ်ချင်းမလေးအပေါ် တိတ်တခိုးချစ်နေရတဲ့… — Hana : The Sweet Orophile — TG.ME

တိတ်တခိုးချစ်ရသူ (၂၀၂၆)

ငယ်သူငယ်ချင်းမလေးအပေါ် တိတ်တခိုးချစ်နေရတဲ့ ကောင်လေးတစ်ယောက်က သူမသဘောကျတဲ့ စိတ်ကူးယဉ်ဝတ္ထုထဲက မင်းသားလေးနဲ့ ဆုံတွေ့နိုင်ဖို့ ကိုယ်တိုင်ကူညီပေးရင်း ကိုယ့်ရဲ့အချစ်နဲ့ သူမရဲ့ပျော်ရွှင်မှုကြား စွန့်စားရပုံကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် Romance ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အာအာ ဆိုတဲ့ ကောင်လေးအကြောင်းကနေ စတင်ထားတာပါ။ အာအာ ဟာ သူ့ရဲ့ အမြဲတမ်းအနီးကပ်ဆုံး သူငယ်ချင်းမလေး ဂျန်းနင်း အပေါ်မှာ အချိန်တော်တော်ကြာ တိတ်တခိုး စိတ်စွဲလန်းချစ်ကြိုက်နေခဲ့တာပါ။ ဒါပေမဲ့ ဂျန်းနင်း ကတော့ သူမကိုယ်တိုင်ရေးသားထားတဲ့ စိတ်ကူးယဉ်ဝတ္ထုထဲက အဓိကဇာတ်ဆောင်ကြယ်ပွင့် မင်းသားလေး ကန်ဇို ကိုပဲ ရူးရူးမူးမူး သဘောကျစိတ်ကူးယဉ်နေသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အာအာ ဟာ ဂျန်းနင်း နဲ့ သူမရဲ့စိတ်ကူးယဉ်မင်းသားလေး ကန်ဇို တို့ ပြင်ပလောကမှာ တိုက်ရိုက်ဆုံတွေ့နိုင်မယ့် နည်းလမ်းတစ်ခုကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့ပါတော့တယ်။ ဂျန်းနင်း ပျော်ရွှင်ဖို့အတွက် ကိုယ့်ရဲ့အချစ်ကို စွန့်လွှတ်ပြီး သူတို့နှစ်ယောက်ကို ဆုံပေးမလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့အချစ်ကိုပဲ ဖွင့်ပြောလိုက်တော့မလားဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/503
September 27, 2026 1.3K 1