စစ်မှန်သော ပျော်ရွှင်မှု (၂၀၂၆) ဘဝကြီးပြိုလဲသွားရင်တောင်… — Hana : The Sweet Orophile — TG.ME

စစ်မှန်သော ပျော်ရွှင်မှု (၂၀၂၆)

ဘဝကြီးပြိုလဲသွားရင်တောင် ပျော်ရွှင်မှုဆိုတာ မျက်ရည်တွေကြားမှာ ကျန်ရစ်နေဆဲပါပဲ။ ဒီပျော်ရွှင်မှုဆိုတာ အဝေးကြီးမှာ လိုက်ရှာနေစရာမလိုပါဘူး။ ကိုယ့်ရဲ့တွေးခေါ်ပုံနဲ့ ကိုယ့်စိတ်ထဲမှာပဲ အမြဲတမ်းရှိနေတတ်တာပါ။ လူတိုင်းက ဘဝမှာ ငွေကြေး၊ အောင်မြင်မှုနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုမှ ပျော်ရွှင်မှုလို့ထင်ပြီး အပြေးအလွှား လိုက်ရှာနေတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အစစ်အမှန်ပျော်ရွှင်မှုဆိုတာ ဘာလဲ။ မိသားစုဘဝလေးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ နားလည်မှုလွဲတာတွေနဲ့ နေ့စဉ်ဘဝရဲ့ မွန်းကြပ်မှုတွေကြားထဲမှာ ဇာတ်လိုက်မင်းသမီးတစ်ယောက်က သူ့ရဲ့မိသားစုကို ဘယ်လိုရှေ့ဆက်ခေါ်သွားမလဲ။ မုန်တိုင်းတွေ ဝင်မွှေသွားတဲ့အခါ သူတို့မိသားစုလေးမှာ တကယ့် “ပျော်ရွှင်မှုတွေ ကျန်ရစ်နေမလား” ဆိုတာကို နှလုံးသားထဲ စိမ့်ဝင်သွားအောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ ဂျပန်ကားတွေရဲ့ ထုံးစံအတိုင်း ခပ်အေးအေးလေးနဲ့ ဖြည်းဖြည်းချင်း လွှမ်းမိုးသွားမယ့်အပြင် ဘဝအတွက် တွေးစရာတွေ၊ ခွန်အားတွေအများကြီး ပေးသွားမယ့် ကားမျိုးဖြစ်ပါတယ်။ အချိန် ၁ နာရီခွဲလောက်ပဲ ကြာတဲ့ ဒရမ်မာကား လေးဖြစ်လို့ ပိတ်ရက်မှာ မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုရင်း ကိုယ့်ဘေးနားက ကိုယ်မေ့လျော့နေတဲ့ “အစစ်အမှန်ပျော်ရွှင်မှု” တွေကို အတူတူရှာဖွေခံစားလိုက်ကြပါဦး။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/507
❤1
September 27, 2026 1.5K 2