ဘာဂက်စ်၊ လန်နီ၊ ဂျူနာ၊ အန်ဒရူး နဲ့ ဒစ်ကီ ဆိုတဲ့ သူငယ်ချင်း ၅ ယောက်ဟာ ၃ နှစ်တိုင်တိုင် ခွဲခွာနေခဲ့ကြပြီးနောက် အန်ဒရူး ရဲ့ သားလေးမွေးနေ့ပွဲအတွက် ပြန်လည်စုစည်းလိုက်ကြရာကနေ စတင်ထားတာပါ။ ပျော်ရွှင်စရာ မွေးနေ့ပွဲလေး ဖြစ်ရမယ့်အစား မထင်မှတ်ဘဲ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အန်ဒရူး ရဲ့ မိသားစုတစ်ခုလုံးဟာ စုန်းအတတ်အောက်လမ်းနည်းနဲ့ ယဇ်ပူဇော်ဖို့ သားကောင်ဖြစ်တော့မယ့် အန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတာကို သူငယ်ချင်းတွေ သိလိုက်ရတဲ့အခါ ဒီကျိန်စာဆိုးကနေ လွတ်မြောက်ဖို့အတွက် “ကလာဝစ်တောင်တန်း” ဆီကို သွားရောက်ပြီး အောက်လမ်းပြုစားမှုတွေကို ဘယ်လိုမျိုး ဟာသနှောကာ စွန့်စွန့်စားစား ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်
