ရေကြည်မြို့နယ်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် အစိုးရရုံးများနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်
စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့သည့် အစိုးရရုံးများနှင့် အခြေခံပညာစာသင်ကျောင်းများ၌ ရေများပြန်လည်ကျဆင်းလာပြီဖြစ်သဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများ ပူးပေါင်း၍ ရုံးများနှင့် စာသင်ကျောင်းများအတွင်း တင်ကျန်နေသည့် အမှိုက်သရိုက်များနှင့် ရွှံ့နွံများကို ဖယ်ရှားရှင်းလင်းလျက်ရှိသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက စက်တင်ဘာ ၂ ရက်တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် တိုင်းအစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန် ၂၄ ပြည်အိတ် ၁,၄၈၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
TruthZoneOnline
24
3
2
1September 3, 2026 611 1 1







