လေးမျက်နှာမြို့နယ်ရှိ ယာယီပိတ်ထားသည့်အခြေခံပညာကျောင်း(၃၉)ကျောင်းအနက်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

လေးမျက်နှာမြို့နယ်ရှိ ယာယီပိတ်ထားသည့်အခြေခံပညာကျောင်း(၃၉)ကျောင်းအနက် (၄)ကျောင်း ပြန်လည်ဖွင့်လှစ်

ဩဂုတ် ၃၁

လေးမျက်နှာမြို့နယ်အတွင်း ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း(၃၉)ကျောင်းအနက် (၄)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာ မိုင်တိုင်အမှတ် (၂၅/၃) တွင် ငဝန်တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့သဖြင့် လေးမျက်နှာမြို့နယ်အတွင်း အခြေခံပညာကျောင်း(၃၉) ကျောင်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့မှစ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ အမြင့်ပိုင်းနေရာအချို့ ရေပြန်လည် ကျဆင်းသွားသည့်အတွက် ဩဂုတ်လ ၂၈ ရက်‌နေ့တွင် အခြေခံပညာကျောင်း (၂)ကျောင်း၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် အခြေခံပညာကျောင်း(၂) ကျောင်း၊ စုစုပေါင်း(၄)ကျောင်းပြန်လည်ဖွင့်လှစ်၍ စာသင်ကြားလျက်ရှိပြီး အခြေခံပညာကျောင်း (၃၅)ကျောင်းဖွင့်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်း ယနေ့အထိပြန် လည်ဖွင့်လှစ်‌ထားသော ကျောင်းများမှာ အ.လ.က(ခွဲ)လက်ကရင်၊ လက်ကရင်ကျေးရွာအုပ်စု၊ အမက(ဒေါင့်ကြီး)၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အ.မ.က(ရုံးတော)၊ ပိန်းအင်းကျေးရွာအုပ်စု၊ အ.မ.က(ခွဲ)(ဗောဓိကုန်း)၊ အိုင်သပြုကျေးရွာအုပ်စုတို့ဖြစ်ကြောင်း သိရသည်။

TruthZoneOnline
❤15👍12👏5🥰1
August 31, 2026 1.2K 2