ညောင်တုန်းကျွန်းတာ အိပဲ့ကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ညောင်တုန်းကျွန်းတာ အိပဲ့ကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်း၍ သဲအိတ်စီခြင်းလုပ်ငန်းများ လုပ်ဆောင်နေ

စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် (၁၁/၅) နှင့် (၁၁/၆) ကြားတွင် ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တာအိပဲ့ကျမှုဖြစ်ပွားရာနေရာသို့   ယနေ့ (စက်တင်ဘာ ၂ ရက်)  နံနက် ၇ နာရီခွဲအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မအူပင်ခရိုင်နှင့် ညောင်တုန်းမြို့နယ်တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်းနှင့် သဲအိတ်စီခြင်းလုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

TruthZoneOnline
👍15❤7🥰3😱1
September 2, 2026 533 1