Once Upon a Time in a Battlefield (2003)
IMDb Rating (6.7)
https://t.me/KdramaChannel135/8584
ဒီဇာတ်ကားလေးဟာဆိုရင် ခရစ်သက္ကရာဇ် ၆၆၀ ခုနှစ်က ကိုရီးယားကျွန်းဆွယ်ရဲ့သုံးပြည်ထောင်ခေတ်မှာ တကယ်ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် "ဟွမ်ဆန်းဘူ တိုက်ပွဲ" ကို အခြေခံထားတာပဲဖြစ်ပါတယ်။
ရှီလာတိုင်းပြည်က ထန်နိုင်ငံနဲ့မဟာမိတ်ဖွဲ့ပြီး ဘတ်ဂျယ်တိုင်းပြည်ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့ချိန်မှာဖြစ်ပွားခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ကို ရိုးရိုးရှင်းရှင်း သမိုင်းဇာတ်ကားတစ်ကားလိုမဟုတ်ဘဲ ခေတ်ပြိုင်နိုင်ငံရေးသရော်စာနဲ့ ဟာသအမြင်လေးတွေ နှောပြီး ဆန်းသစ်အောင်တင်ဆက်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
ဒီသမိုင်းဝင်တိုက်ပွဲကို ပိုမိုသက်ဝင်လှုပ်ရှားလာအောင် ကိုရီးယားရဲ့ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ Park Joong Hoon က ဘတ်ဂျယ်ရဲ့ သစ္စာရှိစစ်သူကြီး “ဂယ်ဘဲ့” အဖြစ်လည်းကောင်း၊ Jung Jin Young က ရှီလာရဲ့ ပါးနပ်တဲ့စစ်သူကြီး “ဂင်ယူရှင်း” အဖြစ်လည်းကောင်း အားပြိုင်ထားကြတာကိုရှုစားရမှာပါ။
ဇာတ်လမ်းလေးကတော့ ကိုရီးယားသုံးပြည်ထောင်ခေတ် ခရစ်သက္ကရာဇ် ၆၆၀ ခုနှစ်မှာ ရှီလာဘုရင်က ထန်နိုင်ငံနဲ့ လျှို့ဝှက်မဟာမိတ်ဖွဲ့ပြီး ဘတ်ဂျယ်ကို ပူးပေါင်းသိမ်းပိုက်ဖို့ စတင်ကြံစည်ရာကနေ စတင်ပါတယ်။
ဒီအခြေအနေကိုသိသွားတဲ့ ဘတ်ဂျယ်ရဲ့မင်းစိုးရာဇာတွေက ညီညွတ်မှုမရှိဘဲ အချင်းချင်း အငြင်းပွားနေကြလို့ တိုင်းပြည်ကျဆုံးဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်မှာပဲ တိုင်းပြည်အတွက် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ စစ်သူကြီး “ဂယ်ဘဲ့” ဟာ စစ်မြေပြင်ကိုမထွက်ခင် ရန်သူ့လက်ထဲမှာအရှက်မခွဲခံရစေဖို့ သူ့ရဲ့မိသားစုကိုပါ ကိုယ်တိုင်အဆုံးစီရင်ပြီး စစ်သည် ၅,၀၀၀ နဲ့အတူ ဟွမ်ဆန်းဘူစစ်မြေပြင်ဆီကို ချီတက်သွားပါတော့တယ်။
တစ်ဖက်မှာလည်း စစ်သူကြီး “ဂင်ယူရှင်း” က စစ်သည်အင်အား ၅၀,၀၀၀ နဲ့ အပြတ်အသတ်အသာစီးရနေပေမဲ့ ထန်နိုင်ငံဘက်ကသတ်မှတ်ထားတဲ့ရက်အတွင်း ဘတ်ဂျယ်ကို အပြီးတိုက်ရမဲ့ဖိအားကြောင့် ဂယ်ဘဲ့ရဲ့ခံစစ်ကိုထိုးဖောက်ဖို့ နည်းလမ်းမျိုးစုံသုံးရပါတော့တယ်။
စစ်မြေပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါ ရိုးရိုးစစ်တိုက်တာမျိုးမဟုတ်ဘဲ တစ်ဖက်နဲ့တစ်ဖက် စိတ်ဓာတ်ကျအောင် ဒေသန္တရလေသံတွေနဲ့အော်ဟစ်ဆဲဆိုတဲ့ “စိတ်ဓာတ်စစ်ဆင်ရေး" တွေ၊ လူသားချင်းစာနာမှုကိုအသုံးချတဲ့ဗျူဟာတွေနဲ့ အကြိတ်အနယ်ဉာဏ်ပြိုင်ကြပုံကို ဟာသမြောက်မြောက်တွေ့မြင်ရမှာပါ။
ဒီလိုအစကနေအဆုံးအထိ အာဏာရှိသူတွေရဲ့နိုင်ငံရေးကစားကွက်နဲ့ အပြန်အလှန် ဉာဏ်ဆင်မှုတွေကြားထဲမှာပဲ ဘာကြောင့်တိုက်နေရမှန်းမသိဘဲ အသက်ရှင်ကျန်ရစ်ဖို့ရုန်းကန်နေရတဲ့ သာမန်စစ်သည်လေး “ဂေါရှီဂီ” ရဲ့ အမြင်ကနေတဆင့် စစ်ပွဲရဲ့အနိဋ္ဌာရုံနဲ့မြေစာပင်ဖြစ်ရတဲ့ ပြည်သူတွေရဲ့ဘဝကို ရယ်မောခြင်းနောက်ကွယ်က မျက်ရည်ဝဲစရာ ရင်နင့်စရာတွေအထိ အသေးစိတ် စိတ်ဝင်စားဖွယ်ပုံဖော်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်တာမို့ ရှုစားကြည့်ပါဦးနော်။
Forwarded fromKorean Drama Channel (K)

2August 30, 2026 1.1K 1