Korean Drama Channel: post #14266 — TG.ME

Forwarded fromKOKorean Drama Channel (K)
Big Issue (2019)

Ep-1 to 16
[အစ-အဆုံး]

https://t.me/kdramalover13/4731

ဒီကားကတော့ ကြည့်ဖူးနေကျ Drama ပုံစံမျိုးမဟုတ်ဘဲပါပါရာဇီတွေအကြောင်းကိုအသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။မင်းသားနဲ့မင်းသမီးကတော့ ကျနော်တို့နဲ့သိပ်မစိမ်းလှတဲ့မင်းသားကြီး Joo Jin Mo နဲ့ မင်းသမီးချော Han Ye Seul တို့ဖြစ်ပါတယ်။

Han Seok Joo ဟာ ဓာတ်ပုံရိုက်ရာမှာတော်တဲ့ ပါပါရာဇီကောင်းတစ်ယောက်ပါ။ သမီးဖြစ်သူက နှလုံး အစို့ရှင် မကောင်းတော့လို့အရေးတကြီး ပြန်လည် အစားထိုးဖို့လိုနေပါတယ်။ဒါ့အပြင် ကုမ္ပဏီမှာလဲ လူဦးရည်လျော့ချနေသည့် အတွက်အလုပ်အပြုတ်ရအောင် မနည်းကြိုးစားနေရသူပါ။

တစ်နေ့နာမည်ကြီး ဆာဂျူ ရီဆေးရုံက ဆရာဝန်ဟာ တရားမဝင်တဲ့မမျူ ိးဦး ထုတ်ပြီး အရမ်းပျင်းတဲ့ အရွယ်တင်နုပျူ ိဆေးပြုလုပ်နေသည်ကို သတင်းယူဖို့လုပ်ရင်း ကုသမှုခံယူနေတဲ့ မင်းသမီးကို ဆရာဝန်က မုဒိန်းကျင့်နေတာကိုရိုက်မိခဲ့ပါတယ်။

ဆရာဝန်က သူ့ဓာတ်ပုံဖျက်ပေးရင် သူ့သမီးလေးကို ကုသပေးမယ်လို့ပြောခဲ့ပါတယ်။သူ့မိန်းမလဲ သူ့သမီးအတွက်လုပ်လိုက်ပါဟု တားနေသည်ကပင်သူက Website တွေမှာ တင်လိုက်ပါတော့တယ်။

Ji Soo Hyun ဟာ နာမည်မကြီး အွန်လိုင်းသတင်းထောက်တယောက်ပါ ရုံးမှာ တော်တော်ပြောဆိုခံရပြီး။တခြား သတင်းစာတိုက်က သတင်းသမားတွေကြားမှာလဲတော်တော်နှီမ်ခံနေရတာကြောင့်မုန်းတီးနေသူလဲဖြစ်ပါတယ်။

ဆရာဝန်ဟာ Ji Soo Hyun ကို အကူအညီတောင်းပြီးမင်းသမီးဆီကို စာသွားပေးခိုင်းပါတော့တာ မုဒိန်းကျင့်တာမဟုတ်ဘဲအလိုတူလို့ဖြစ်ခဲ့တာဟု စာနယ်ဇင်းလုပ်ခိုင်းပါတော့တယ်။

အဖိုးအခ အဖြစ် Ji Soo Hyun က သတင်းစာတိုက်တစ်ခုရသွားပါတယ်။Han Seok Joo တယောက်ကတော့ Privacy ချိုးဖောက်သူဖြစ်သွားပြီး မိန်းမကကွာရှင်း မိသားစုနဲ့ကွဲကွာပြီး အိမ်ရာမဲ့တယောက်က ဖြစ်သွားခဲ့ရပါတယ်။
❤2
August 30, 2026 634 1