Korean Drama Channel: post #14264 — TG.ME

Forwarded fromKOKorean Drama Channel (K)
The Golden Holiday (2020)

https://t.me/KdramaChannel135/8582

ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းတဲ့ဇာတ်ကား ဖြစ်ပါတယ်။

ဗြောင်းဆူဆိုတဲ့ ရဲဟာအလွန်ရိုးသားသလိုစိတ်ထားလည်းကောင်းတဲ့သူဆိုပေမယ့် တစ်ခါတစ်ခါဒေါသလည်းကြီးပါတယ် သူ့မှာအရမ်းချစ်ရတဲ့သူငယ်ချင်း ယုံးဘယ်ဆိုတာရှိပါတယ်။

ယုံးဘယ်ကတော့သူလူလိမ်တစ်ယောက်ပါ လိမ်ရမယ်ဆိုသူ့သူငယ်ချင်း ရဲကိုတောင်မချန်ပါဘူး သူငယ်ချင်းကို အရမ်းချစ်တဲ့ဗြောင်းဆူက ယုံးဘယ်ငွေလိုလို့ပိုက်ဆံကိုသူ့နာမည်နဲ့ အာမခံထားချေးပေးခဲ့ပေမယ့်...

လူလိမ် ယုံးဘယ်က ဒီငွေတွေကိုပြန်မဆပ်ပဲ ဖိလစ်ပိုင်ကိုလစ်သွားပါတယ် သူငယ်ချင်းကောင်းမှုနဲ့အိမ်ပေါင်ပြီး ပိုက်ဆံချေးပေးထားလို့ အပေါင်ဆုံးမလိုဖြစ်နေတုန်း တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို သူ့အမျိုးသမီးကလည်းသူကို ဖိလစ်ပိုင်ကိုခရီးထွက်ချင်ကြောင်း ပူဆာပါတော့တယ်။

ဒီလိုနဲ့ဗြောင်းဆူတစ်ယောက် ပြဿနာတွေကိုခဏ မေ့ထားပြီး ဖြစ်ချင်ရာဖြစ် ဖိလစ်ပိုင်ကို မိသားစုနဲ့အတူူအပျော်ခရီးထွက်လာခဲ့ရင်း ဖိလစ်ပိုင်မှာ သူမမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်။

ဗြောင်းဆူတစ်ယောက် အကြွေးတွေကောဆပ်နိုင်ပါ့မလား ယုံးဘယ်နဲ့ကော ဖိလစ်ပိုင်မှာရေစက်ဆုံဦးမလားဘယ်လိုအလွဲတွေဆက်ဖြစ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုစေချင်ပါတယ်။
❤2
August 30, 2026 1.7K 4