Pied Piper (2016)
Ep-1 to 16
[အစ-အဆုံး]
https://t.me/kdramalover13/4732
ဒီတစ်ခါမှာတော့ မှုခင်းစီးရီးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ CMပရိသတ်ကြီးတို့အတွက် တစ်ပိုင်းပြီးတစ်ပိုင်းမထတမ်းကြည့်ချင်အောင် ဆွဲဆောင်နိုင်မဲ့ စိတ်ဝင်စားစရာမှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့လည်း Evilive, Beyond Evil နဲ့ အခုထုတ်လွှင့်နေတဲ့ The Auditors စီးရီးတွေထဲက ဝါရင့်မင်းသားကြီး Shin Ha-kyun၊ The Uncanny Counterစီးရီးထဲက မင်းသားကြီး Yoo Jun-sang နဲ့ The Escape of Seven ထဲကမင်းသမီး Jo Yoon-hee တို့လို ဝါရင့်သရုပ်ဆောင်တွေကပါဝင်ထားပါတယ်။
ဇာတ်လမ်းအညွှန်း
ဒီစီးရီးလေးမှာဆိုရင် အခက်ခဲဆုံးအမှုတွေဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ဓားစာခံဖမ်းဆီးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလိုအမှုမျိုးတွေကို အင်အားသုံးပြီး လက်နက်နဲ့မဟုတ်ဘဲ စကားလုံးတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းရတဲ့ ရဲဘက်ဆိုင်ရာအရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့အမှုလိုက်ပုံတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။
နာမည်ကြီး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တဲ့ "ဟာမယ်လင်းက ပုလွေဆရာ"ပုံပြင်ထဲက ပုလွေမှုတ်သူကိုအတုယူပြီး ကိုယ့်ကိုယ်ကိုယ် ပုလွေဆရာလို့ အမည်ပေးထားတဲ့ လူထူးဆန်းတစ်ယောက်ဟာ ပြန်ပေးဆွဲခံခဲ့ရတဲ့ အလုပ်သမားတွေ၊ အလုပ်ထုတ်ခံထားရတဲ့ သတင်းထောက်တွေလိုမျိုး မတရားမှုကြောင့် ခံစားခဲ့ရတဲ့သူတွေကို အသုံးချပြီးတော့ အားနည်းတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့် လုပ်ချင်ရာလုပ်ကြတဲ့ အာဏာရှိ လူချမ်းသာတွေကို လက်စားလိုက်ချေဖို့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။
ပုံပြင်ထဲကပုလွေဆရာလိုပဲ ဒီခေတ်သစ်ပုလွေဆရာကလည်း သူ့ရဲ့သားကောင်တွေဆီကို ဖုန်းထဲကနေလေချွန်သံပေးရင်းနဲ့ သူပေးတဲ့အမိန့်တွေအတိုင်း လိုက်လုပ်စေတာပါ။ အဲဒီလို သရုပ်မှန်မသိရတဲ့ ပုလွေမှုတ်သူဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်လာရင်း အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေကိုပါထိခိုက်လာတဲ့အခါမှာတော့ အရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ ကျွမ်းကျင်စေ့စပ်ညှိနှိုင်းသူ Joo Sung-Chan လက်ထောက်ဗိုလ်ကြီး Yeo Myaung-haတို့အဖွဲ့ ဘယ်လိုတွေကိုင်တွယ်ဖြေရှင်းကြမလဲ။
အဓိကသတင်းကြေငြာသူတစ်ယောက်ဖြစ်တဲ့ Yoon Hee-sung ဆိုသူနဲ့ရော ဘယ်လိုတွေပတ်သက်နေမလဲ။ ပုလွေဆရာရဲ့ သရုပ်မှန်ကိုရော ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာတွေကို စိတ်လှုပ်ရှားစရာလှည့်ကွက်တွေနဲ့အတူ ပရိသတ်ကြီးကိုယ်တိုင်ပဲ လိုက်လံတွေးတောရင်းနဲ့ အဖြေရှာကြည့်လိုက်ကြပါဦးနော်။
Forwarded fromKorean Drama Channel (K)

August 30, 2026 673