Familiarity (အသားကျနေမှု) ရဲ့ ကြောက်စရာကောင်းပုံ
အသက်အရွယ်တစ်ခုကို ရောက်လာတဲ့အခါမှာ...
လူတွေကြားက Relationship တိုင်းမှာပေါ့နော်။ ချစ်သူတွေကြားထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားထဲမှာပဲဖြစ်ဖြစ်... ကြောက်စရာအကောင်းဆုံးအရာက ဘာလဲဆိုတော့ "Familiarity" လို့ခေါ်တဲ့ "အသားကျနေမှု" လေးပါပဲ။ အဲ့ဒါလေးက တကယ်ကို ကြောက်ဖို့အရမ်းကောင်းတာကို တွေ့ရတယ်။
အဲ့တော့ ကိုယ်က Toxic ဖြစ်တဲ့ Relationship မျိုးထဲ ရောက်နေတဲ့သူဆိုရင်တောင်၊ ဒီ Toxic ဖြစ်နေတဲ့အခြေအနေကြီးကို Familiar ဖြစ် (အသားကျ) နေပြီးတော့... ဒီလို Toxic ဖြစ်နေရတာကပဲ ကိုယ့်ကို လုံခြုံမှုပေးနေသလိုမျိုး လွဲမှားပြီး ခံစားကြရတယ်ပေါ့နော်။ အဲ့ဒါကြောင့်ပဲ ပိုကောင်းတဲ့ Relationship အသစ်တွေကို လက်ခံကြည့်ဖို့၊ စမ်းသပ်ကြည့်ဖို့ ကြောက်နေကြတာမျိုးတွေကို တွေ့ရတယ်။
ကိုယ်ကိုယ်တိုင်လည်း ဒီလိုပါပဲ။ ဘယ်လို Relationship မျိုးပဲဖြစ်ဖြစ်... အဲ့ဒီအခြေအနေကြီးကနေ ရုန်းထွက်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ အဓိကက အဲ့ဒီနေရာလေးမှာ Familiar ဖြစ်သွားတဲ့အခါ Safe ဖြစ်တယ်လို့ ယာယီ ခံစားလိုက်ရလို့ပေါ့။
အဲ့ဒါကြောင့် ကိုယ်တိုင်လည်း ကြိုးစားရမယ်... ဒီအခြေအနေကြီးက ကိုယ့်အတွက် အဆင်မပြေတော့ဘူး၊ နာကျင်နေရပြီဆိုတာ သိတယ်ဆိုရင် အဲ့ဒီနေရာကနေ ရုန်းထွက်ဖို့ ကြိုးစားရမှာဖြစ်သလို၊ ဘေးနားကလူတွေကိုလည်း အဲ့ဒီအချက်လေးကို အသိသတိပြုမိစေချင်တယ်။
လောကကြီးမှာ လူတွေအတွက် အကြောက်ရဆုံးအရာက... ပိုပြီး Attach မဖြစ်သင့်တော့တဲ့ (တွယ်တာမနေသင့်တော့တဲ့) Attachment တစ်ခုကို မဖြတ်တောက်နိုင်ဘဲ ဆက်ပြီး စွဲလမ်းနေမိတာပါပဲ။ အဲ့ဒီလို ဖြတ်မရဘဲ စွဲလမ်းနေရတာဟာလည်း အခြားကြောင့်မဟုတ်ဘဲ... "အသားကျနေမှု" ဆိုတဲ့ အရာလေးတစ်ခုကြောင့်မို့လို့ပဲလို့ ယူဆမိပါတယ်...။ 🤍
ပုံ
Japanက ကိုကိုလိပ်ကို ပြောပြနေတာ။ 😁😁😁
💙ဘွဲ့တွေ ဘာလို့ထည့်သလဲ?
ကိုယ့် အတွေးတွေ share ရင်း personal branding လုပ်နေတာ ဖြစ်လို့ ရှိတာတွေ အမြဲထည့်မှာ ဖြစ်လို့ ထည့် 🥰
👩🏫𝐓𝐫 𝐋𝐢𝐧𝐝𝐚
👩🏫𝐅𝐨𝐮𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐚𝐥 Keystone Education for Better
𝐌𝐄𝐝 (𝐋𝐚 𝐓𝐫𝐨𝐛𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚)
𝐌𝐄𝐝 (𝐘𝐚𝐧𝐠𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧)
𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 (𝐇𝐢𝐫𝐨𝐬𝐡𝐢𝐦𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐉𝐚𝐩𝐚𝐧)
𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐓𝐄𝐒𝐎𝐋 (𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐌𝐞𝐭𝐡𝐨𝐝𝐨𝐥𝐨𝐠𝐲)
𝐌𝐞𝐦𝐛𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐆𝐨𝐥𝐝𝐞𝐧 𝐊𝐞𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐧𝐨𝐮𝐫 𝐒𝐨𝐜𝐢𝐞𝐭𝐲 (𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚)
𝐅𝐨𝐫𝐦𝐞𝐫 𝐇𝐢𝐫𝐨𝐬𝐡𝐢𝐦𝐚 𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 𝐀𝐦𝐛𝐚𝐬𝐬𝐚𝐝𝐨𝐫
𝐖𝐢𝐧𝐧𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐁𝐞𝐬𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐀𝐰𝐚𝐫𝐝 (𝐇𝐢𝐫𝐨𝐬𝐡𝐢𝐦𝐚 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐂𝐞𝐧𝐭𝐞𝐫 𝐟𝐨𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 (𝐇𝐢𝐂𝐈𝐒) (𝟐𝟎𝟐𝟎)
> #Familiarity #Relationships #SelfReflections #Thoughts
>
May 29, 2026 88