၂။ အမေးဝါကျ တည်ဆောက်ခြင်း (Question Forms)
အချက်အလက်များကို မေးမြန်းသည့် Interrogatory sentences များကို KET Speaking Test တွင် အများဆုံး အသုံးပြုရသည် ။ Yes/No questions များ မေးလိုပါက Verb to be များကို ရှေ့ထုတ်၍ဖြစ်စေ၊ Action verbs များအတွက် Do/Does/Did ကို ရှေ့ထုတ်၍ဖြစ်စေ မေးမြန်းရသည် ။ အသေးစိတ် အချက်အလက်များ သိလိုပါက What, Where, When, Who, Why, How စသည့် Wh- question စကားလုံးများကို ဝါကျအစတွင်ထား၍ မေးမြန်းရပါသည်။
၃။ အချိန်နှင့် နေရာပြ ဝိဘတ်များ (Prepositions of Time and Place)
In, on, at တို့ကို အချိန်နှင့် နေရာများအတွက် မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ရန် လိုအပ်ပါသည်။
Time အတွက်: နာရီအချိန်များအတွက် at (at 5:00 PM)၊ နေ့ရက်များအတွက် on (on Monday) နှင့် လ၊ နှစ်၊ ရာသီဥတုများအတွက် in (in 2024, in December) တို့ကို သုံးရပါသည်။
Place အတွက်: တိကျသော နေရာအမှတ်အသားများအတွက် at (at the station)၊ မျက်နှာပြင်ပေါ်တွင် ရှိနေပါက on (on the desk) နှင့် အခန်း သို့မဟုတ် မြို့၊ နိုင်ငံများအတွင်း ရှိနေပါက in (in Yangon) တို့ကို အသုံးပြုရပါသည်။
၄။ ဝါကျဆက်စကားလုံးများ (Conjunctions)
စာပိုဒ်တိုများ ရေးသားရာတွင် ဝါကျတိုလေးများကိုချည်း ဆက်တိုက်ရေးမည့်အစား Conjunctions များကို သုံး၍ ချိတ်ဆက်ပေးခြင်းက စာကိုပိုမိုချောမွေ့စေပါသည်။ အချက်အလက်များကို ပေါင်းထည့်ရန် and၊ ဆန့်ကျင်ဘက် အကြောင်းအရာများအတွက် but၊ အကြောင်းပြချက်အတွက် because နှင့် အကျိုးဆက်ကို ဖော်ပြရန် so တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်ထားရပါမည်။
Exam Result ကောင်းကောင်း ရရှိခဲ့သူများစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ "အင်္ဂလိပ်ဘာသာစကား လေ့လာခြင်း - အခြေခံမှ နိုင်ငံတကာစာမေးပွဲများဆီသို့" စာအုပ် 📘
ဘယ်သူတွေအတွက်လဲ? 🤔
- အင်္ဂလိပ်ဘာသာစကားလေ့လာနေသူများ
- ကျောင်းသား၊ကျောင်းသူများ
- KET, PET, FCE, CAE စာမေးပွဲဖြေဆိုမည့်သူများ
- IELTS Academic Exam ဖြေဆိုမည့်သူများ
အတွက်ဖြစ်ပါတယ်။
ဘာကြောင့်ဝယ်သင့်တာလဲ?🤨
- စာတွေ့လက်တွေ့ကို မှတ်သားစရာစာတွေအများကြီးပါတဲ့အပြင် စာအုပ်တန်ဖိုးကရာသက်ပန်ကိုမှ သောင်းဂဏန်းပဲ ကျသင့်တာဖြစ်ပြီး တစ်ခါတက်ရင် သိန်းဂဏန်းလောက်ကျသင့်တဲ့ သင်တန်းကြေးတွေထက် အများကြီးသက်သာပြီး တန်ဖိုးမဖြတ်နိုင်လို့ဖြစ်ပါတယ်။
ဤစာအုပ်ပါဖော်ပြချက်အတိုင်း လိုက်နာလေ့လာလေ့ကျင့်၍ Results ကောင်းများရရှိသော ကျောင်းသားများ မွေးထုတ်ပြီးပြီ ဖြစ်ပါသည်။ စာအုပ်မှာယူလိုပါက − @rotchan1 သို့ ဆက်သွယ်နိုင်ပါသည်။
🎯 တက်ရောက်နိုင်သော အတန်းများ
IELTS နဲ့ KET, PET, FCE ကို သေချာစနစ်တကျ ပြင်ဆင်ချင်တယ်ဆိုရင်တော့ အောက်ပါအတန်းတွေကို လာရောက်စုံစမ်း အပ်နှံနိုင်ပါပြီ။ စာသင်ချိန်နဲ့ fees အသေးစိတ်ကို Page Messenger ကနေ လာရောက်မေးမြန်းနိုင်ပါတယ်။
(1) IELTS Academic Group & One-on-one Classes
(2) KET Group & One-on-one Classes
(3) PET Group & One-on-one Classes
(4) FCE Group & One-on-one Classes
🔗 ဆက်သွယ်လေ့လာနိုင်မယ့် Channels များ
TikTok - www.tiktok.com/@rotchan.01
Facebook Page - www.facebook.com/rotchan.educator
Telegram Group - https://t.me/GEDMyanmar1
Telegram Channel - https://t.me/LifelongLearningMyanmar
YouTube Channel - www.youtube.com/@rotchan1