Helloooo🙋🏻♀️ IELTS ဖြေဖို့ပြင်ဆင်နေတဲ့သူတွေရှိကြလား ❓❓ စာလည်းလုပ်ချင်တယ် ဘယ်ကစလုပ်ရမလဲဒါမဟုတ် ဘာတွေလုပ်ရမလဲဆိုတာမသိဖြစ်နေကြလား 🤔
ဒီနေ့မှာတော့ IELTS Study လုပ်ဖို့အကောင်းဆုံးဖြစ်တဲ့ free websites ၅ ခုကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ websites တွေကတော့....
1.IELTS Org
2.Cambridge English
3.IELTS Liz
4.Exam English
5.British Council
Links ⬇️⬇️
IELTS Org >> https://ielts.org
Cambridge English >> https://www.cambridge.org/gb/cambridgeenglish/catalog/cambridge-english-exams-ielts
IELTS Liz >> https://ieltsliz.com
Exam English >> https://www.examenglish.com
British Council >> https://www.britishcouncil.or.th/exam/ielts/dates-fees-locations?utm_source=&utm_medium=&utm_campaign=exams-all-ielts-ea-th-Brand-google&utm_content=brand&gclsrc=aw.ds&gad_source=1&gbraid=0AAAAABiT559FZJMha_sLE216GgzT7iI-5&gclid=Cj0KCQiAi_G5BhDXARIsAN5SX7oJK8PEUcOvDcg-NfcRwnk9cRYc2YT6Km0c8gQHXUYU49IhL5pvFSEaAqu1EALw_wcB
Website တစ်ခုချင်းစီက အသုံးဝင်ပုံခြင်းမတူတဲ့အပြင်သူ့ဟာနဲ့သူထူးခြားတဲ့အချက်တွေရှိတာမို့ သေချာလေးရေးပေးထားပါတယ်ရှင့်။
IELTS org
https://ielts.org
ဒီ website ကတော့ IELTS ရဲ့ တရားဝင် website တစ်ခုဖြစ်တာမို့ 100% စိတ်ချလို့ရပါတယ်နော်။ သူကတော့ အဓိက self study လုပ်မယ့်သူတွေနဲ့စာမေးပွဲဖြေခါနီးသူတွေအတွက် နောက်ဆုံးရ update သတင်းတွေနဲ့အမှတ်ပေးစည်းမျဉ်းတွေကို လေ့လာလို့ရနိုင်မှာပဲဖြစ်ပါတယ်။ Official sample test materials တွေလည်းရှိလို့လေ့ကျင့်တာအတွက်လည်းအသုံးဝင်စေပါတယ်။ အမှတ်ပေးစည်းမျဉ်းနဲ့မှကိုက်ပြီးလေ့ကျင့်တတ်တဲ့သူတွေအတွက်ပိုပြီးသင့်တော်တဲ့ website ပဲဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဒီ website မှာ test center locations တွေ အပြင် FAQs တွေလည်းထည့်ပေးထားလို့ တစ်ခုခုမသိတာရှိရင် ဒီ website မှာပဲဝင်ကြည့်လိုက်တာနဲ့သိနိုင်ပါတယ်။
Cambridge English
https://www.cambridge.org/gb/cambridgeenglish/catalog/cambridge-english-exams-ielts
ထူးခြားချက်အနေနဲ့ကတော့ Cambridge က IELTS စာမေးပွဲကိုပြုလုပ်တဲ့ အဖွဲ့ထဲကတစ်ခုဖြစ်လို့ စစ်မှန်တဲ့ materials တွေရနိုင်ပါတယ်။ Cambridge IELTS series လိုမျိုးအသုံးဝင်တဲ့စာအုပ်တွေနဲ့ အသံfileတွေလည်းရရှိနိုင်ပါတယ်။ဒီ website ကနေပြီးတော့ Cambridge IELTS စာအုပ်တွေကို ဝယ်ယူတာသို့မဟုတ် free download လုပ်တာမျိုးလုပ်လို့ရပါတယ်။ sample answers တွေလည်းလေ့လာလို့ရပါတယ်။
IELTS Liz
https://ieltsliz.com
IELTS Liz ကတော့ ielts vlogger တစ်ယောက်ရဲ့ website ပဲဖြစ်ပါတယ်။ ဒီ website မှာဆိုရင် four skills လုံးအတွက် မတူတဲ့ question type တစ်ခုချင်းစီသီးသန့်လေ့ကျင့်ဖို့ materials တွေပေးထားတာမို့ self study သမားတွေအတွက်သေချာပေါက်အသုံးဝင်စေမှာပါနော်။ Professional တစ်ဦးကိုယ်တိုင်ထောင်ထားတဲ့ website ဖြစ်တာမို့ tips and tricks တွေနဲ့ materials တွေကတော့အစုံပါပဲ။
Exam English
https://www.examenglish.com
Exam English မှာဆိုရင် IELTS free practice tests တွေကိုလေ့ကျင့်နိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲလိုအပ်တဲ့ IELTS vocabulary, grammar, articles, tips and ticks အစရှိတာတွေကိုသူ့ category အလိုက်ခွဲပေးထားတာမို့ စာလုပ်ရတာလွယ်ကူထိရောက်စေမှာပါ။
Brritish Counsil
https://www.britishcouncil.or.th/exam/ielts/dates-fees-locations?utm_source=&utm_medium=&utm_campaign=exams-all-ielts-ea-th-Brand-google&utm_content=brand&gclsrc=aw.ds&gad_source=1&gbraid=0AAAAABiT559FZJMha_sLE216GgzT7iI-5&gclid=Cj0KCQiAi_G5BhDXARIsAN5SX7oJK8PEUcOvDcg-NfcRwnk9cRYc2YT6Km0c8gQHXUYU49IhL5pvFSEaAqu1EALw_wcB
ဒီwebsite မှာတာ့ Road to IELTS ဆိုတဲ့ အခမဲ့သင်တန်းတွေနဲ့ materials တွေအများကြီးရှိပါတယ်။အသုံးလိုတဲ့ App တွေနဲ့ Video Resources တွေ ရနိုင်ပြီးတော့ Webinars တွေနဲ့ Workshops တွေမှာ ပါဝင်ပြီး ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ free classes တွေပါဖွင့်ပေးထားတာဆိုတော့ ဒီ website လည်းတော်တော်လေးကိုအကျိုးရှိပါတယ်နော်။










