KEB Community: post #696 — TG.ME

ဗုဒ္ဓဟောကြားခဲ့တာဟာ ဘာသာတရားအကြောင်း မဟုတ်ပဲ ဘဝအကြောင်းဖြစ်တယ်ဆိုတာပါ။

နောက်ဆုံးမှာ အရေးကြီးတာက ချမ်းသာကြွယ်ဝမှု၊ အနိုင်၊ အရှုံး မဟုတ်ဘဲ

ကိုယ့်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှု ရှိ၊ မရှိဆိုတာ ဖြစ်ပါတယ်။

တခြားသူက ကိုယ့်ကို ချစ်မချစ်ဆိုတာကို တွယ်တာမနေတော့တဲ့အခါ၊

ဆုံးရှုံးမှာကို မကြောက်တော့တဲ့အခါ၊

ဂုဏ်ယူဝင့်ကြွားမှုအတွက် စိတ်ဓာတ်ကို အလွန်အကျွံ မသုံးစွဲတော့တဲ့အခါ၊

သေးငယ်တဲ့ အကျိုးအမြတ် ဒါမှမဟုတ် အရှုံးတွေအတွက် အိပ်ရေးပျက်တာမျိုး မရှိတော့တဲ့အခါ

စစ်မှန်တဲ့ လွတ်လပ်မှုကို ကိုယ် စရလာပါတယ်။

ဗုဒ္ဓဘုရားရှင် ချန်ထားခဲ့တဲ့ အနက်ရှိုင်းဆုံးဖြစ်မယ့် စကားတစ်ခွန်းက-

"ဖြစ်ပေါ်လာသော အရာအားလုံးသည် မမြဲကြ။ မမြဲသော အရာအားလုံးသည် ဒုက္ခဖြစ်ကြ၏။ ဤတရားကို ပညာဖြင့် သိမြင်သူသာ ဒုက္ခမှ လွတ်မြောက်နိုင်၏။”"

ပညာ၊ သတိကို လက်ကိုင်ထားပြီး ...

အမြတ်အစွန်းနဲ့ အရှုံးတွေကို ပေါ့ပေါ့တန်တန် သဘောထားနိုင်ပါစေ၊

အငြိုးအတေးတွေကို လွှတ်ချနိုင်ပါစေ၊

နောင်တတွေကို ခွင့်ပြုနိုင်ပါစေ၊

ခွဲခွာခြင်းကို လက်ခံနိုင်ပါစေ။

လေးလေးနက်နက် ရှင်သန်ပါ၊
နေထိုင် စားသောက်ပါ၊
အိပ်စက်ပါ။
ဒီဘဝဟာ တကယ်တော့ မနက်ဖြန်ဆိုတာ အတွက် အာမခံချက် မရှိလို့ပါ။

-- သင်ယူရင်း မျှဝေပါတယ် 🙏🙏🙏

Need- Nine Nine Santa

💌
#နိုင်းနိုင်းစနေ
❤2
May 29, 2026 76