KEB Community: post #679 — TG.ME

Silicon Valleyက ရင်းနှီးမြှုပ်နှံမှု ဂုရုကြီး Naval Ravikant ရဲ့ နောက်ဆုံးထွက် Podcast ကတော့ အချက်အလက်တွေ အများကြီးနဲ့ အသေးစိတ် ဆွေးနွေးသွားတာကို တွေ့ရပါတယ်။ Elon Musk လို လူမျိုးကတောင် အမြဲတမ်း နားထောင်ပြီး လေးစားရတဲ့ ဒီဆရာကြီးက အခုတစ်ခေါက်မှာတော့ AI ကိုသုံးပြီး Code ရေးတဲ့ (AI Coding / Prompt Engineering) အကြောင်းကနေ စလိုက်တာ၊ နောက်ဆုံးမှာတော့ ကမ္ဘာကြီးရဲ့ အနာဂတ်၊ စီးပွားရေးပုံစံ အသစ်တွေနဲ့ ပညာရေးစနစ် ပြောင်းလဲသွားမယ့်အထိ တကယ့်ကို အသေးစိတ် ထောက်ပြသွားခဲ့ပါတယ်။

ဒီ Podcast ထဲက ပြောစကားတွေကို သေချာပြန်လေ့လာကြည့်တဲ့အခါ၊ အပေါ်ယံ သတင်းတွေထက် ပိုနက်နဲတဲ့ အတွေးအခေါ်တွေ၊ အသေးစိတ် အချက်အလက်တွေကို တွေ့လာရပါတယ်။ Tech သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိဘတွေအတွက်ပါ လုံးဝ လွဲချော်လို့မရတဲ့ အဓိက အချက်ကြီး ၃ ချက်ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး တင်ပြပေးလိုက်ပါတယ်။

၁။ Apple ရဲ့ "App Store" ခံတပ်ကြီး ပြိုကျခြင်းနဲ့ "Software" သီးသန့်ကုမ္ပဏီတွေရဲ့ နိဂုံး

Naval က Apple ကြီးရဲ့ ခေတ်ကုန်သွားပြီလို့ ပြောတဲ့နေရာမှာ အကြောင်းပြချက်က ရှင်းပါတယ်။ အရင်တုန်းက ကျွန်တော်တို့ဖုန်းတွေက "App" တွေကို အခြေခံပြီး အလုပ်လုပ်တာပါ။ ကားငှားချင် Grab ကိုဖွင့်ရတယ်၊ အစားအသောက်မှာချင် Foodpanda ကိုဖွင့်ရတယ်။ Apple က အဲဒီ App တွေ အကုန်လုံးကို App Store ဆိုတဲ့ တံတိုင်းကြီးထဲမှာ လှောင်ထားပြီး ဝင်ငွေရှာခဲ့တာပါ။
ဒါပေမယ့် အခု AI က "Conversational UI" (စကားပြောလို့ရတဲ့ ကြားခံစနစ်) ကို ယူလာပေးလိုက်ပြီ။ နောက်ဆိုရင် App တွေကို လိုက်ရှာပြီး ဖွင့်နေစရာ မလိုတော့ဘူး။ ဖုန်းကိုင်ပြီး "ငါ့အတွက် ရုံးသွားဖို့ ကားတစ်စီးငှားပေး၊ ပြီးရင် မနက်စာပါ တစ်ခါတည်း မှာပေး" လို့ ပြောလိုက်တာနဲ့ နောက်ကွယ်က AI Agent တွေက အကုန်ချိတ်ဆက်ပြီး လုပ်ပေးသွားတော့မှာပါ။ ဒီလိုမျိုး App တွေရဲ့ နေရာကို AI က ကြားဖြတ် ဝင်ယူသွားတဲ့အခါ Apple ကြီး ဆယ်စုနှစ်နဲ့ချီ တည်ဆောက်ထားတဲ့ ဂေဟစနစ်ကြီး ပြိုကျသွားပါပြီ။ စမတ်ဖုန်းဆိုတာ အနာဂတ်မှာ မျက်နှာပြင်တစ်ခု၊ ဘက်ထရီတစ်ခုနဲ့ အင်တာနက်ချိတ်ဖို့ သက်သက်လောက်ပဲ ဖြစ်သွားပါလိမ့်မယ်။

ပိုဆိုးတာက ရိုးရိုး Software ကုမ္ပဏီတွေရဲ့ အနာဂတ်ပါ။ အရင်တုန်းက Software တစ်ခုရေးဖို့ Backend, Frontend, UI/UX ဆိုပြီး အင်ဂျင်နီယာ ၇ ယောက် ၈ ယောက်လောက်နဲ့ အနည်းဆုံး ၆ လလောက် အချိန်ယူခဲ့ရတယ်။ အခုက ကိုယ်က Domain Expert (လုပ်ငန်းသဘောတရားကို သေချาနားလည်သူ) တစ်ယောက်ဖြစ်ဖို့ပဲ လိုတော့တယ်။ AI ကို သုံးပြီး ကိုယ်လိုချင်တဲ့ Product ကို ရက်ပိုင်းအတွင်း ထုတ်လို့ရသွားပြီ။ ဒါကြောင့် "ငါတို့က သူများထက် ပိုမိုက်တဲ့ Code တွေ ရေးနိုင်တယ်" ဆိုတာက အခုခေတ်မှာ စီးပွားရေးအရ အားသာချက် (Moat) တစ်ခု မဟုတ်တော့ပါဘူး။ Silicon Valley က ရင်းနှီးမြှုပ်နှံသူတွေကလည်း Code သီးသန့်ရေးတဲ့ Startup တွေကို ပိုက်ဆံမထုတ်ပေးကြတော့ဘူး။ Code ဆိုတာ လူတိုင်း အလွယ်တကူ ထုတ်လုပ်နိုင်တဲ့ အရာ (Commodity) တစ်ခု ဖြစ်သွားပြီလေ။

၂။ အင်္ဂလိပ်စာဟာ ပရိုဂရမ်မင်း ဘာသာစကား ဖြစ်သွားပြီ

Naval က မိဘတွေကို တော်တော်လေး ပြင်းပြင်းထန်ထန် သတိပေးသွားတဲ့ အချက်ရှိပါတယ်။ "အခုချက်ချင်း သင့်ကလေးလက်ထဲက ဖုန်းကို ဆွဲလုလိုက်ပါ။ TikTok ကြည့်၊ ဂိမ်းဆော့နေမယ့် အချိန်တွေကို AI နဲ့ Code ရေးတဲ့ဘက် (AI Coding) ကို ပြောင်းပေးလိုက်ပါ" တဲ့။
ဘာလို့လဲဆိုတော့ ကမ္ဘာကြီးက လူတန်းစား နှစ်ရပ်ပဲ ကျန်တော့မယ့် အချိန်ကို ရောက်နေလို့ပါ။
* ပထမလူတန်းစား: Algorithm တွေက ပေးသမျှကို ထိုင်ကြည့်၊ ထိုင်သုံးရင်း သူတို့ရဲ့ သားကောင်ဖြစ်နေမယ့် "သုံးစွဲသူများ (Consumers)"
* ဒုတိယလူတန်းစား: AI ကို ခိုင်းစေပြီး ကိုယ်တိုင် Algorithm တွေ၊ App တွေ၊ ဂိမ်းတွေကို ဖန်တီးတည်ဆောက်မယ့် "ဖန်တီးရှင်များ (Creators)"
အံ့သြစရာကောင်းတာက အရင်က ကမ္ဘာပေါ်မှာ Code ရေးတတ်သူ ၀.၁% ပဲ ရှိရာကနေ အခု ၃% အထိ ရုတ်တရက် ခုန်တက်သွားပါတယ်။ ဒါဟာ အစပဲ ရှိပါသေးတယ်။ အခုချိန်မှာ လူသုံးအများဆုံး ပရိုဂရမ်မင်း ဘာသာစကားဟာ Python လည်း မဟုတ်ဘူး၊ JavaScript လည်း မဟုတ်တော့ပါဘူး။ "အင်္ဂလိပ်စာ" (ဒါမှမဟုတ် ကိုယ်ပြောတတ်တဲ့ မိခင်ဘာသာစကား) ဖြစ်သွားပါပြီ။
ကလေးတစ်ယောက်ဟာ သူ့စိတ်ကူးထဲက ဂိမ်းတစ်ခုကို AI ကို သေချာ ရှင်းပြပြီး ခိုင်းတတ်သွားပြီဆိုရင်၊ အဲဒီလို ဖန်တီးရတဲ့ အရသာက ဂိမ်းဆော့ရတာထက် အဆပေါင်းများစွာ ပိုပြီး စွဲလမ်းစရာ ကောင်းသွားပါတယ်။ ဒါဟာ အနာဂတ်မှာ ပညာရေးအတွက် အတန်ဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ။

၃။ AI ဆိုတာ သင့်ကို အလိုလိုက်တဲ့ "အလုပ်သင်လေး" သက်သက်ပါပဲ

ဒီ Podcast ထဲမှာ အကြိုက်ဆုံးနဲ့ အထိမိဆုံး အချက်ကတော့ ဒီအပိုင်းပါ။ တော်တော်များများက AI ကြီး လွှမ်းမိုးသွားရင် ငါတို့ ဘာလုပ်စားရမလဲ ဆိုပြီး စိုးရိမ်နေကြတယ်။ Naval ကတော့ AI ဆိုတာ "သင့်ကို အမြဲတမ်း သဘောကျအောင် လုပ်ပေးချင်နေတဲ့၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတဲ့ အလုပ်သင်လေး (ဒါမှမဟုတ် အမဲလိုက်ခွေးလေး) တစ်ကောင်" လိုပါပဲ တဲ့။
ဒီအချက်က ကောင်းသလိုလိုနဲ့ အရမ်းကြောက်စရာ ကောင်းပါတယ်။
May 8, 2026 96