ပလောင်ဆိုရင် အသံပင်မကြားချင်တော့ကြောင်း ရင်ဖွင့်လာကြတဲ သီပေါမြို့က ဒေသခံများ
အကြမ်းဖက် TNLA ပလောင်အဖွဲ့ရဲ့ ယုတ်မာမှုတွေကို TNLA အဖွဲ့ ခေတ္တထိန်းချုပ်ထားခဲ့စဉ်က မြို့တွေမှာရှိတဲ့ ဒေသခံတွေ ခါးစည်းခံခဲ့ကြရတယ်…
-
အကြမ်းဖက် TNLA အဖွဲ့တွေ သီပေါမြို့မှာ ဆုတ်ခွာမှုမပြုခင်မှာ သီပေါမြို့ခံပြည်သူတွေနဲ့ ဘုန်းတော်ကြီးတွေက သီပေါမြို့မှာရှိတဲ့ ဘာသာရေးအဆောက်အဦတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဌာနဆိုင်ရာရုံးတွေနဲ့ ပြည်သူပိုင်အဆောက်အဦးတွေကို မဖျက်ဆီးဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်…
-
ဒီလိုတောင်းဆိုပေမယ့် အကြမ်းဖက် TNLA ပလောင်အဖွဲ့ဟာ ဌာနဆိုင်ရာအဆောက်အဦတွေ၊ ပြည်သူပိုင်နေအိမ်တွေကို ယုတ်မာအောက်တန်းကျစွာမီးရှို့ခဲ့ပါတယ်…
-
ဒီလို မီးရှို့ဖျက်ဆီးမှု မပြုခင်မှာ မြို့အတွင်းမှာရှိတဲ့ မီးသတ်ကားတွေ နဲ့မိလ္လာကားတွေကို ပထမဦးစွာ သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်…
-
အကြောင်းကတော့ သူတို့တွေ မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာထွက်ပြေးတဲအချိန်မှာ ပြည်သူတွေအနေနဲ့ မီးငြိမ်းသတ်လို့မရအောင် ကောက်ကျစ်ယုတ်မာ ခဲ့တာပါ…
-
ဒီလိုယုတ်မာမှုကြောင့် ပြည်သူနေအိမ်တွေနဲ့ အဆောက်အဦတွေ မီးငြိမ်းသတ်လို့မရတော့ဘဲ အများအပြားဆုံးရှုံးခဲ့ရပါတယ်…
-
ယခင်က အကြမ်းဖက်အားပေးတွေရဲ့ ဝါဒမှိုင်းကြောင့် တပ်မတော်အပေါ်မှာ အထင်မှား အမြင်မှားခဲ့တာတွေအတွက် နောင်တရမိကြောင်း၊ ရှေ့ဆက်ပြီး တပ်မတော်နဲ့သာလက်တွဲပြီး အကြမ်းဖက်မှုတွေကို တစ်ဖက်တစ်လမ်းကနေ တိုက်ဖျက်တော့မည်ဖြစ်ကြောင်း ဒေသခံတွေ ရင်ဖွင့်လာကြတယ်..
-
တိုက်ပွဲသတင်းစုံ
















