အမေရိကန်စစ်သားတွေကို ပစ်ခတ်ခဲ့တဲ့ တရားခံဟာ CIA လက်သပ်မွေး
"Zero Unit" တပ်ဖွဲ့ဝင်ဟောင်း ဖြစ်နေ
—————————————-
လွန်ခဲ့တဲ့ရက်ပိုင်းက ဝါရှင်တန်ဒီစီ (DC) မှာ အမေရိကန် National Guard တပ်ဖွဲ့ဝင်နှစ်ဦးကို
သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အခုတော့ ဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ တရားခံရဲ့ နောက်ကြောင်းရာဇဝင်ကို
ဖော်ထုတ်လိုက်နိုင်ပါပြီ။
တရားခံကတော့ အသက် (၂၉) နှစ်အရွယ် Rahmanullah Lakanwal ဆိုသူဖြစ်ပြီး
သူဟာ သာမန်အရပ်သား မဟုတ်ပါဘူး။
အာဖဂန်နစ္စတန်မှာတုန်းက အမေရိကန် CIA က တိတ်တဆိတ် ဖွဲ့စည်းလေ့ကျင့်ပေးထားတဲ့
နာမည်ကျော် "Zero Unit" (ခေါ်) အထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်နေပါတယ်။
NY Post သတင်းအရ သူဟာ အာဖဂန်စစ်ပွဲကာလတုန်းက
အမေရိကန်တွေနဲ့ လက်တွဲပြီး အရမ်းကြမ်းတမ်းတဲ့ စစ်ဆင်ရေးတွေမှာ
ပါဝင်ခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Mental Problems) တွေ
ပြင်းပြင်းထန်ထန် ခံစားနေရသူလို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် အမေရိကန်တွေ အာဖဂန်က ဆုတ်ခွာချိန်မှာ
သူပါလိုက်ပါလာပြီး အခုလို အမေရိကန်မြေပေါ်မှာပဲ
ပြန်လည် အကြမ်းဖက်တဲ့အမှု ဖြစ်လာခဲ့တာပါ။
"Zero Unit" ဆိုတာ အာဖဂန်စစ်ပွဲကာလမှာ CIA က တိုက်ရိုက်ကွပ်ကဲပြီး
ငွေကြေးထောက်ပံ့ထားတဲ့ အထူးတပ်ဖွဲ့တွေပါ။
သူတို့က ပုံမှန်စစ်တပ်လို မဟုတ်ဘဲ ညဘက်ဝင်စီးတာ (Night Raids)၊
ပစ်မှတ်ထား လုပ်ကြံတာတွေကို အဓိက လုပ်ရပါတယ်။
အာဖဂန်မှာတုန်းကတော့ အမေရိကန်တွေ အယုံကြည်ရဆုံး၊
လက်ရဲဇက်ရဲအရှိဆုံး တပ်ဖွဲ့တွေပေါ့။
ဒါက အမေရိကန်အစိုးရအတွက် တော်တော်လေး မျက်နှာပျက်စရာ ကိစ္စပါ။
ဘာလို့လဲဆိုတော့ ဒီလူကို စစ်တိုက်တတ်အောင်၊ လူသတ်တတ်အောင်
သင်ပေးခဲ့တာက အမေရိကန် CIA ကိုယ်တိုင် ဖြစ်နေလို့ပါပဲ။
အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ မွေးထားတဲ့သူက
အခုတော့ အမေရိကန်စစ်သားတွေကို ပြန်ပြီး ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
Zero Unit တွေရဲ့ စစ်ဆင်ရေးတွေက အရမ်းကြမ်းတမ်းပါတယ်။
ရက်ရက်စက်စက် သတ်ဖြတ်ရတာတွေ၊
ညဘက် စီးနင်းတိုက်ခိုက်ရတာတွေ များတဲ့အတွက်
ဒီတပ်ဖွဲ့ဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ (Trauma) ရဖို့ အရမ်းလွယ်ပါတယ်။
အခုတရားခံကလည်း အဲဒီ
တုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်
အခုလို ဖြစ်သွားတာလား၊ ဒါမှမဟုတ် တခြား အစွန်းရောက်စိတ် ဝင်သွားတာလား ဆိုတာကတော့
အမေရိကန်မြေပြင်မှာ အကြီးအကျယ် ဆွေးနွေးစရာ
ခေါင်းစဉ်တစ်ခု ဖြစ်လာနေပါပြီ။














