ဧရာဝတီအက်စီအသင်း အာရှအမျိုးသမီးချန်ပီယံလိဂ်အုပ်စု အဆင့်သို တက်ရောက်
ရန်ကုန်၊ ဩဂုတ် ၂၃
🔹၂၀၂၆-၂၀၂၇ အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စု (F) ပွဲစဉ်အဖြစ် မြန်မာကလပ် ဧရာဝတီအက်စီအသင်းနှင့် New Taipei City Hang Yuan FC တို ဩဂုတ် ၂၃ ရက်က ရန်ကုန်မြို သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအက်စီအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုပထမဖြင့် အုပ်စုအဆင့်သို တက်ရောက်နိုင်ခဲ့သည်။
🔹ဧရာဝတီအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၃)ပွဲစလုံး အနိုင်ရရှိပြီး ခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ပရိတ်သတ်များ၏ အားပေးမှုကိုလည်း တခဲနက်ရရှိခဲ့သည်။









