🚨စစ်ကိုင်းတိုင်း-မြောင်🚨
💥Airstrike💥
💥မြောင်မြို့နယ် ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလတရားပွဲပြုလုပ်နေစဥ် အကြမ်းဖက်ခွေးစစ်တပ်မှ တံတားဦးလေတပ်မှ ပျံတက်လာတဲ့ A-5Bomber ဂျက်ဖိုက်တာ (၁)စီးဖြင့် ယနေ့မနက်ပိုင်း(9:06 Am, 9:08 Am)ခန့်တွင် လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်သွားကြောင်း သတင်းရရှိထားပြီး စစ်ရေးပစ်မှတ်မဟုတ်ပဲ လူမဆန်စွာ လေကြောင်းတိုက်ခိုက်ယုတ်မာမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့ရပြီး ဥပုသ်သီလပေးနေသည့် ဘုန်းကြီးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူဦးရေ များပြားကြောင်း စိတ်မကောင်းစွာကြားသိရပါသည် ။
အကြမ်းဖက်ခွေးစစ်တပ်ဟာ ဥပုသ်သီလပေးနေသည့် ဘုန်းကြီးကျောင်း ဓမ္မာရုံပေါ်တည့်တည့်ကို စစ်ရေးပစ်မှတ်မဟုတ်ပါပဲ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျုးလွန်လိုက်ခြင်းဖြစ်ပါကြောင်း ထုတ်ပြန်တင်ပြအပ်ပါသည် ။
"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"
မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)
မူရင်းအပုံများအား Crd ပေးပါသည် ။
AUG 21, 2026/⌚13:39
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဌာန📡
https://t.me/peoplesdefensecomrade
📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬





















