Daily Highlight 1
Aug 17 (11:55 PM)
- ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR က Myanmar Emergency Overview Map ကို ယခုလအတွင်း နောက်ဆုံးအဖြစ် ထုတ်ပြန်လိုက်ပြီး အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ ၃,၇၉၃,၉၀၀ ဦး ရှိပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီကတည်းက နေရပ်စွန့်ခွာနေသူ ၂၃၄,၀၀၀ ဦး ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေသူ စုစုပေါင်းမှာ ၄,၀၂၇,၉၀၀ ဦးခန့် အထိရှိလာကြောင်း၊ အဆိုပါစာရင်းအရ စစ်ကိုင်းတိုင်းတွင် ၁,၃၄၆,၁၀၀ ဦးဖြင့် နေရပ်စွန့်ခွာရသူ အများဆုံးဖြစ်ပြီး၊ မကွေးတိုင်းတွင် ၄၇၂,၁၀၀ ဦး၊ ရခိုင်ပြည်နယ်တွင် ၄၂၄,၄၀၀ ဦး၊ ကရင်ပြည်နယ်တွင် ၂၆၈,၄၀၀ ဦး၊ တနင်္သာရီတိုင်းတွင် ၂၆၇,၉၀၀ ဦး၊ ပဲခူးတိုင်းအရှေ့ပိုင်းတွင် ၂၆၅,၉၀၀ ဦး နှင့် ကချင်ပြည်နယ်တွင် ၂၆၀,၂၀၀ ဦး အသီးသီး ရှိကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယနေ့အထိ နေရပ်မပြန်နိုင်သေးသူ ၂၀၄,၃၀၀ ဦးခန့် ရှိနေပြီဟု ဖော်ပြထားကြောင်း သိရ။
- ယမန်နေ့ ညနေပိုင်းက ပင်လည်ဘူးနယ်၊ ကင်းပန်းရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁ဦး ပွဲချင်းပြီးသေဆုံးပြီး ပြည်သူ ၂ဦးမှာလည်း ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း၊ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၅လုံးထက်မနည်း၊ ကျေးရွာစာသင်ကျောင်းနှင့် ဆေးပေးခန်းတို့လည်း ပျက်စီးသွားကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်ထံတွင် လက်နက်ချ အညံ့ခံသွားသော နဂါး၏ BNRA အဖွဲ့ မှ BNRA တပ်ရင်းမှူး သုဘရာဇာနှင့် ဒေါင်းညိုတို့ ဆေးကုသမှုခံယူနေစဉ် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် တိုက်ခိုက်ခံရခြင်းဖြစ်၍ ၎င်းတို့နှစ်ဦးနှင့် ဆက်စပ်နိုင်သည်ဟု သုံးသပ်မှုများရှိနေကြောင်း သိရ။
- ဩဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းက စလင်းနယ်၊ ဆင်မကျွန်းရွာအနီးကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှု မရှိသော်လည်း နေအိမ် ၁ လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရ။
- ကျောက်ပန်းတောင်းနယ်အတွင်း မွှေနှောက်သောင်းကျန်းပြီး ကျေးရွာ ၆ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ခွေးစစ်ကြောင်းမှာ ယမန်နေ့က တောင်သာမြို့နယ်အတွင်းသို့ ဝင်ရောက်လာကြောင်း၊ ယမန်နေ့က ကမ္ဘာတဲတောင်ရွာ၊ ကမ္ဘာတဲမြောက်ရွာနှင့် သရက်ချိုကုန်းရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုလည်း လုယက်ယူဆောင်သွားကြောင်း၊ စစ်ခွေးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကမ္ဘာတဲတောင်ရွာတွင် နေအိမ် ၁၈ လုံး၊ ကမ္ဘာတဲမြောက်ရွာတွင် နေအိမ် ၃၁ လုံးနှင့် သရက်ချိုကုန်းရွာတွင် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အဆိုပါစစ်ခွေးများမှာ ယနေ့မနက်ပိုင်းတွင်လည်း စွန်းလွန်းရွာဘက်သို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရ။
- ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ မြဝတီနယ်၊ ဖလူးနှင့် ကျောက်ခက်ရွာအကြားရှိ သဲဖြူချောင်းရွာဘက်သို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် KNLA ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်နေ၊ တိုက်ပွဲများအတွင်း စစ်ခွေးများ ထိခိုက်သေဆုံးမှုများပြားနေကြောင်း၊ ထိုသို့ စစ်ခွေးများ ထိခိုက်သေဆုံးမှု များပြားနေသဖြင့် စစ်တပ်က လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကြီး ပစ်ကူများကိုလည်း အလွန်အကျွံ အသုံးပြုနေကြောင်း၊ ယနေ့ မနက်ပိုင်းတွင်လည်း မင်းလက်ပံနှင့် ဖလူးဒေသအနီးတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက် မြို့နယ်ဘက်ရှိ ဘန်ဟွေ့မဟာဝေါင်နှင့် ဘန်မဲကွန်ကင်ကျေးရွာများအနီးအထိ တိုက်ပွဲအသံများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ကြားနေရကြောင်း၊ ထို့ပြင် ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်၊ ဘန်ဝါလေးကျေးရွာနှင့် မျက်နှာချင်းဆိုင်ရှိ တီချာလေး စစ်စခန်းအနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်တပ်က ပစ်ခတ်လိုက်သည့် ကျည်အချို့သည် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့ပြီး မဲဆောက်ခရိုင်၊ ဘန်ဟွေ့မဟာဝေါင်ကျေးရွာရှိ နေအိမ်အချို့ကို ထိမှန်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရ။
- ယမန်နေ့က KNU မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေ၊ ကမမောင်းနှင့် ဖာပွန်မြို့သို့ ဆက်သွယ်သည့် ကားလမ်းမကြီးအကြား ဝါးသုံးခိုဒေသတွင်လည်း တိုက်ပွဲများဖြစ်ပွား၊ စစ်ခွေးများ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး သေနတ်မျိုးစုံ ၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။
- ဩဂုတ်လ ပထမ ၁၅ ရက်အတွင်း ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ပေါင်း ၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ခွေး ၅၀ ထက်မနည်း သေဆုံး၊ ၁၄ ကောင်ထက်မနည်း ဒဏ်ရာရ၊ တိုက်ပွဲများအတွင်း KNLA ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရ၊ ထို့ပြင် တိုက်ပွဲများအတွင်း စစ်တပ်၏ စစ်ကား ၂ စီး နှင့် စစ်စခန်း ၁ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်တပ်က တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများပြားခဲ့သဖြင့် တိုက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူများနေထိုင်ရာ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က Y-12 လေယာဉ်များဖြင့် ၃ ကြိမ်၊ Jet Fighterနေရာတစ်ခုကို တိုက်လေယာဉ်များဖြင့် ၁၆ ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ အကြိမ် ၇၀ ထက်မနည်း ပစ်ခတ်ခဲ့ရာ နေအိမ် ၃ လုံး၊ စပါးကျီ ၁ လုံးနှင့် ဥယျာဉ်ခြံမြေ ဧက ၉၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ကျွဲ၊ နွား ၂ ကောင် သေဆုံးခဲ့ကြောင်း သိရ။
- ယနေ့ နေ့လယ်ပိုင်းက ဂန့်ဂေါနယ်တောင်ပိုင်းနှင့် ထီးလင်းနယ်မြောက်ပိုင်းကြားရှိ နေရာတစ်ခုကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေး၊ ယမန်နေ့ ညပိုင်းကလည်း ကျောက်ထုမြို့နှင့် ထီးလင်းနယ်ကြားရှိ Y-12 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ ညနေပိုင်းကလည်း ဆောမြို့နယ်အတွင်းရှိ နေရာတစ်ခုကို ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယမန်နေ့ ညပိုင်းကပင် ကျောက်ထုတိုက်နယ်နှင့် ထီးလင်းနယ်တောင်ပိုင်းကြားရှိ နေရာတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း ယောဒေသ ဆောမြို့နယ်နှင့် ကျောက်ထုတိုက်နယ်အတွင်းရှိ စစ်တပ်စစ်ကြောင်းများမှာ မြေပြင်တွင် ထိခိုက်သေဆုံးမှု များပြားနေသဖြင့် ယခုကဲ့သို့ လေကြောင်းမှ ပစ်ကူပေးသည့် တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရ။
- ယနေ့ နေ့လယ်ပိုင်းက မြောင်မြို့မရဲစခန်းနှင့် မီတာ ၁၀၀ ခန့်အကွာရှိ အလှပြင်ဆိုင်တစ်ခုတွင် ခေါင်းလျှော်နေသော စစ်တပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ဆိုသူကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်း၊ ၎င်းထံမှ ဆိုင်ကယ်၊ ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြောင်မြို့မရဲစခန်းမှ စစ်ခွေးအများအပြား ထွက်လာပြီး သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ကာ စစ်ခွေးအလောင်းကို ရဲစခန်းအတွင်းသို့ သယ်ဆောင်သွားကြောင်း၊ ထို့ပြင် အဆိုပါအလှပြင်ဆိုင်မှ မိသားစုဝင်များကိုလည်း စစ်ခွေးများက ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect