လှိုင်သာယာကိုလည်းအမြစ်လှန်သင့်နေပါပီ
လွန်ခဲ့တဲ့၅ရက်က သာကေတ အထက၁က ၇တန်းကျောင်းသားလေးကို ညနေဘက် လမ်းပေါ်မှာဖမ်းသွားတယ်။ ရပ်ကွက်အုပ်ကြီးကို သွားတိုင်တော့ သူ့ထက်ပိုသိတဲ့ သာကေတလူမိုက်တွေ ဖုန်းနံပါတ်ပေးတယ်။ သာကေတလူမိုက်ကတဆင့် လှိုင်သာယာလူမိုက်တွေဆီ ဖုန်းဆက်တယ်။ လှိုင်သာယာ ထူးချောင်းမှာ သိန်း၂၀နဲ့ လာရွေးဖို့ ပြောလို့ သွားရွေးရတယ်။ လှိုင်သာယာ ထူးထျောင်းကိုရောက်တော့ သူ့လို့ ကလေးအရွယ်တွေကို ဖမ်းထားတာ အများကြီး။ စျေးက အစားစားရှိတယ်။ အသက်အရွယ်နဲ့ ခန္ဓာကိုအရွယ်အစားကိုလိုက်ပြီး သိန်း၂၀ကနေ သိန်း၄၀ သိန်း၆၀ သိန်း၈၀ အစားစားရှိတယ်။ လူပြန်ပေးဆွဲခံရတဲ့ကောင်လေးဟာ ၇တန်းကျောင်းသားဖြစ်ပြီး အရွယ်သေးသေးလေးမို့ သိန်း၂၀နဲ့ စျေးဆစ်ပြီး ပြန်ဝယ်ခဲ့ရတယ်။ အဲ့ဒီ လှိုင်သာယာ ထူးချောင်းမှာပဲ အထက၁ သာကေတက ကျောင်းဆရာမတယောက်ရဲ့ ယောက်ျား အသက်၄၀ကျော်ကို ရွေးထုတ်ရတာ သိန်း၆၀ကျော်တယ်။ ရပ်ကွက်လုံခြုံရေးအဖွဲ့ လူမိုက်ဂိုဏ်းတွေ ပေါင်းပြီး လူပြန်ပေးဆွဲတာ။ ရန်ကုန်မှာ လူပျောက်ရင် ရပ်ကွက်အုပ်ကြီးတွေကတဆင့် နယ်မြေအပိုင်လူမိုက်အုပ်စုတွေကို ဆက်စုံစမ်းပြီး လှိုင်သာယာ ထူးချောင်းမှာ သွားရွေးရတယ်။ မှတ်ထားကြ။
Forwarded fromDGF21News
2
1August 26, 2026 28 1