RNC သတင်း၊ နည်းပညာ ၊ရသစုံ: post #25229 — TG.ME

RNC သတင်း၊ နည်းပညာ ၊ရသစုံမနေ့က နီပေါနဲ့ တိဗက် နယ်စပ် နားမှာ ငလျင် တခုလှုပ်တယ် ငလျင်ကြောင့် မြစ်လမ်းကြောင်းပြောင်းပြီး ရေတွေပိတ်သွားတယ် ခနကြာတော့ ဆည်ကျိုးသလို ရေတွေ အလုံးအရင်းနဲ့ ကျလာတယ် မြစ်ဘေးက ရွာတွေရယ် Hydropower plants က ဝန်ထမ်းတွေရယ် အကုန်နီးပါး ရေနဲ့ပါသွားတယ် အစိုးရကတော့ 136…
နီပေါ ရေကြီးမှုက ရေခဲတောင် ပြိုကျမှုကြောင့် ဖြစ်နိုင်ဟု ပညာရှင်များ ပြော

Reuters

တိဘက်ဒေသနှင့် နယ်စပ်ချင်းထိစပ်နေသည့် နီပေါနိုင်ငံဘက်တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် လူသေဆုံးမှု များပြားသော ရုတ်တရက်ရေကြီးမှုသည် ရေခဲတောင်၏ အောက်ပိုင်းတစိတ်တပိုင်း ပြိုကျကာ မီတာရာနှင့်ချီ နိမ့်သော ချိုင့်ဝှမ်းအတွင်းသို့ ပြုတ်ကျခဲ့ခြင်းမှ စတင် ဖြစ်ပွားခဲ့နိုင်ကြောင်း ကျွမ်းကျင်သူများက ဂြိုဟ်တုဓာတ်ပုံများကို လေ့လာပြီး ပြောသည်။

Planet Labs က ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ ရေခဲတောင်၏ အောက်ပိုင်းတစိတ်တပိုင်း ပြိုကျပြီး ချိုင့်ဝှမ်းအတွင်းသို့ ကျဆင်းရာမှ မြေကြီး၊ ကျောက်တုံးနှင့် အနည်အနှစ်များကိုပါ ဆွဲယူသယ်ဆောင်သွားကာ ရုတ်တရက်ရေကြီးမှုကို ဖြစ်ပေါ်စေခဲ့နိုင်ကြောင်း အိန္ဒိယနိုင်ငံ Sikkim University တက္ကသိုလ်မှ အင်ဂျင်နီယာဘူမိဗေဒပညာရှင် ဗီခရမ်ဂူပတာက ပြောသည်။

သို့သော် ရေခဲတောင် ဘာကြောင့် ပြိုကျခဲ့သည်ကို ယခုအချိန်အထိ အတိအကျ မသိရသေးပေ။ နီပေါအာဏာပိုင်များကမူ ဖြစ်စဉ်မတိုင်မီ မိနစ်ပိုင်းအလိုက အဆိုပါ ဒေသ၌ လှုပ်ခတ်ခဲ့သည့် ငလျင်တခုကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ထားသည်။


နီပေါနှင့် တရုတ်ဘက်ရှိ အာဏာပိုင်များက ယခုအချိန်အထိ ရုပ်အလောင်း ၁၀၀ နီးပါး ရှာဖွေတွေ့ရှိထားသော်လည်း သေဆုံးသူအရေအတွက်မှာ ထိုထက်များစွာ မြင့်တက်လာနိုင်သည်ဟု စိုးရိမ်နေကြသည်။

နီပေါအစိုးရ၏ ထုတ်ပြန်ချက်အရ ခရီးသွားများအပါအဝင် လူ ၃၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ရေကြီးမှု ဖြစ်စဉ်မတိုင်မီနှင့် ဖြစ်စဉ်ပြီးနောက် ဂြိုဟ်တုဓာတ်ပုံများတွင် ယခင်က စိမ်းလန်းစိုပြေခဲ့သည့် တောင်စောင်းများမှာ ယခုအခါ အညိုရောင် မြေသားများ၊ ကျောက်စရစ်များနှင့် အနည်အနှစ်များအောက်တွင် မြုပ်နှံသွားသည်ကို တွေ့ရသည်။

အင်ဂျင်နီယာဘူမိဗေဒပညာရှင် ဗီခရမ်ဂူပတာက “ရေခဲတောင်ရဲ့ အရှေ့ဖျားပိုင်း အတော်များများ ပြိုကျပြီး ခုလို ဖြစ်ပေါ်လာတာလို့ အတည်ပြုနိုင်ပါတယ်၊ ကျောက်တုံးနဲ့ မြေသားအနည်အနှစ်တွေပါ တပါတည်း မျောပါသွားတာပဲ ဖြစ်တယ်” ဟု ပြောသည်။

ကနေဒါနိုင်ငံ University of Calgary တက္ကသိုလ်မှ ကမ္ဘာမြေသိပ္ပံပညာရှင် ဒန်ရှုးဂါးက ဂြိုဟ်တုဓာတ်ပုံများအရ ဘေးအန္တရာယ်မဖြစ်မီ ၂၄ နာရီအတွင်း ဆီးနှင်းအများအပြား အရည်ပျော်ခဲ့ပုံရကြောင်း ပြောသည်။

“မနေ့က နှင်းတွေနဲ့ ဖုံးနေခဲ့တဲ့ ချိုင့်ဝှမ်းထဲက ရေခဲတောင်တချို့ဟာ ဒီနေ့မှာတော့ ရေခဲပြင်အလွတ်နီးပါး ဖြစ်နေပါတယ်၊ ဒါကြောင့် ရေကြီးမှု ဖြစ်ပေါ်စေတာ ဖြစ်ပါလိမ့်မယ်” ဟု ရှုးဂါးက ဆိုသည်။

ရေခဲတောင်ပြိုကျမှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နိုင်

ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် ထုတ်ပြန်ချက်အရ နီပေါနိုင်ငံ၏ နှင်းဖုံးတောင်တန်းများသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် နှစ်ပေါင်း ၃၀ ကျော်အတွင်း ရေခဲထု၏ သုံးပုံတပုံနီးပါး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
August 27, 2026 6