RNC သတင်း၊ နည်းပညာ ၊ရသစုံ: post #25227 — TG.ME

ရုရှက ယူကရိန်းကို နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူး(tactical nuclear warhead)နဲ့ မကြာမီ ပစ်ခတ်ဖွယ်ရှိကြောင်း ကရင်မလင်သတင်းရင်းမြစ်များကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖော်ပြတယ်။ ယူကရိန်းက NATO ထောက်လှမ်းရေး အကူအညီနဲ့ ရုရှနယ်မြေအတွင်းပိုင်းက မဟာဗျူဟာကျတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာကြောင့် လက်တုံ့ပြန်မှာဖြစ်ကြောင်း ဖော်ပြထားတယ်။

ဘိုင်ဒန်လက်ထက်တုန်းကလည်း အခုလိုဖြစ်ရပ်မျိုး ကြုံခဲ့တယ်။ ဘိုင်ဒန်က "Don't, Don't, Don't"(မလုပ်မိစေနဲ့) လို့ ဟန့်တားခဲ့ပြီး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Ben Hodges က "ရုရှအနေနဲ့ တကယ်တမ်း လုပ်လာခဲ့ရင် ခရိုင်းမီးယားက ရုရှစစ်စခန်းအားလုံးကို သမရိုးကျလက်နက်နဲ့ အမှုန့်ချေပြမယ်"လို့ တန်ပြန်ခြိမ်းခြောက်ခဲ့တယ်။

ပူတင်ဟာ နျူကလီးယားလက်နက် အသုံးပြုရဲတဲ့သတ္တိ တကယ်ရှိရဲ့လား။ သူသာ နျူကလီးယားလက်နက် အသုံးပြုလိုက်ရင် နျူကလီးယား မပြန့်ပွားရေးစာချုပ်(NPT) ပျက်ပြယ်သွားပါလိမ့်မယ်။ ဥရောပနိုင်ငံ အများအပြားအပြင် ဂျပန်၊ တောင်ကိုးရီးယားတို့လည်း နျူကလီးယားလက်နက် ချက်ချင်း ထုတ်လုပ်ကြပါတော့မယ်။ သတ္တိရှိရဲ့လားလို့ ပူတင်ကို မေးရပါမယ်။ Bloomberg ရဲ့ သတင်းသာ မှန်ခဲ့ရင် စီအိုင်အေ အကြီးအကဲ ရုရှကို ရုတ်တရက်ရောက်သွားတာ ဒီကိစ္စကြောင့် ဖြစ်ပါလိမ့်မယ်။

HLS
❤1
August 27, 2026 8