RNC သတင်း၊ နည်းပညာ ၊ရသစုံ: post #25212 — TG.ME

ဒီကနေ့. နီပေါနိုင်ငံမှာပါ

ကမ္ဘာ့ဘယ်နိုင်ငံဖြစ်ဖြစ် အရေးကြီးရင်ကြီးသလို ကိုယ့် ပြည်သူတွေရဲ့အသက်ကိုတန်ဖိုးထားပြီး ရဟတ်ယာဥ်လိုရင်ရဟတ်ယာဥ်နဲ့အမြန်ဆုံးရတဲ့နည်းနဲ့ကယ်ဆယ်တယ်
အဲ့တော့ ပြည်သူတွေကလည်း အစိုးရကိုတန်ဖိုးထား လေးစားချစ်ကြတယ် ကိုယ့်တိုင်းပြည်ကိုချစ်ကြတယ်

ဒီနိုင်ငံမှာကတော့ သိကြတဲ့အတိုင်း
ပြည်သူအတွက်ဆိုရင် အမြန်ကာကွယ်ပေးဖို့က ဆင်ခြေပေါင်းစုံနဲ့ ချက် ဝေ့လည်ချောင်ပတ်အချိန်ဆွဲခံရပြီး မုန့်ဝေတာတော့ ဘယ်တော့မှချက်ချင်း မရနိုင်ပါဘူး

အကြမ်းဖက်သူပုန်ကိုသာ ရဟတ်ယာဥ်နဲ့အမြန်ကယ်ထုတ်ဖို့စီစဥ်‌ပေးတာပါ

အသက်‌ေတွသေဆုံးပြီးမှသာ ဝမ်းနည်းကြောင်းစကားတခွန်းတော့ ရရှိပါလိမ့်မယ်

ကိုယ့်ပြည်သူ တချက်‌ေလးမှားမိရင်တော့ ထစ်ခနဲဆို နည်း လမ်းပေါင်းစုံနဲ့ ချက်ချင်း ဒုတ်အဝေခံရဖို့ပဲ မြန်မြန်ရနိုင်တာမျိုးပါ

လူဖြစ်ရခြင်း
လူ့အသက်တွေပါ တန်ဖိုးထားခံရခြင်းမရှိတဲ့ နိုင်ငံတော်
❤3
August 26, 2026 31