RNC သတင်း၊ နည်းပညာ ၊ရသစုံ: post #25223 — TG.ME

အမျိုးသားဇာတ်ရုံဆိုသည်မှာ
နိုင်ငံတော်အဆင့် ဖြစ်ပါတယ်

ငါးစိမ်းတန်း မဟုတ်ပါ

အော်ချင်
ကိုယ့်အိမ်မှာသာ ကိုယ်အော်ပါ
ကိုယ့်အလုပ်နေရာမှာ အော်ပါ
ကြိုက်သလောက်အော်ပါ

ခုလို​နေရာမျိုးမှာ ခုလိုအော်ဟစ်နေတာဟာ
အလွန်အရုပ်ဆိုး အကျည်းတန်ပါတယ်

တာဝန်ရှိသူများအရေးယူပေးပါခင်ဗျာ

လာကြည့်သည့်လူအများစုဟာ
အရာရှိများ ၊ လုပ်ငန်းရှင်များ စတဲ့
အဆင့်အတန်းရှိ လူတန်းစားများ
အများအပြား ပါဝင်ပါတယ်

အော်ငေါက်တာဟာ ပရိတ်သတ်ကို
နည်းနည်းမှ Respect မရှိရာ ရောက်ပါတယ်။

နောက်တစ်ချက်က ဘာကြောင့်မီးသမားက
စလိုက်မီး မင်းသားကို မထိုးမိသလဲ?

အကြိမ်ကြိမ်ဇာတ်တိုက်ထားရင်တောင်
လွဲတတ်သေးတာမှာ ယခုပွဲက လုံးဝ
ကြိုမတိုက်ဘဲ ၊ ပွဲကမည့်မနက်မှ
အပြေးအလွှား ဝုန်းဒိုင်းကျဲ စီစဥ်ရသည်ဟု
သိရတယ်

အမျိုးသားဇာတ်ရုံလိုနေရာမျိုးမှာ
ကပြဖျော်ဖြေရန်အတွက် အသံ ပိုင်းဆိုင်းရာ
တိုက်ရသလို ၊ Lighting ပိုင်းဆိုင်ရာ
ကြိုတိုက်ရပါတယ်

ဘယ်နေရာကို စလိုက်ထိုးမယ် ၊
ဘယ်မီးအရောင် ထွန်းမယ် စသဖြင့်
ကြိုတင်ပြင်ဆင် တိုက်ထားရမည်

တစ်ရက်ကြိုတိုက်ခြင်းလည်းမရှိ
ကမယ့်မနက်တောင် ကားသွားဝယ်နေပြီးမှ
နေ့လယ်၁နာရီကမည့်ပွဲကို အပြေးလာပြင်ဆင်ခြင်း
ဖြစ်လို့ ခုလိုအမှားမှားအယွင်းယွင်းဖြစ်တာ
ဖြစ်ခြင်းကြောင့်

မီးသမားအပြစ်ထက် ဇာတ်ဆရာညံ့၍သာ
ဖြစ်သည်ဟု ဝေဖန်ပါမည်။

နောက်ထပ်ထပ်၍ပြောရလျှင် ဒေါနဲ့မောနဲ့
အော်ဟစ်လိုက်ပြီးမှ ပရိတ်သတ်အတွက်
အကောင်းဆုံးပေးချင်၍ဟု ချက်ချင်းလျောချ
ပြောသွားသည်။

စဥ်းစားဥာဏ်နည်းသော ဇာတ်ဆရာပြောသမျှ
မှန်သည် ကောင်းသည်ထင်သော
ခပ်ပေါပေါလူများက လက်ခုတ်တဖြောင်းဖြောင်းတီး
သြဘာပေးကြသည် ၊ ဒေဝဒတ်တောင် ပရိတ်သတ်
ရှိမှတော့ ၊ သူ့အရပ်နှင့်သူ့ဇာတ်ကဖြင့်အံကိုက်

သို့သော် ထိုလက်ခုတ်တီးသူ လူနည်းစုအထဲတွင်
တကယ့်လူကြီးလူကောင်းများ မပါဝင်ကြတာ
တွေ့ရပါတယ်။

ဒီကိစ္စ လိုင်းပေါ်တက်လာတော့ ဇာတ်ဆရာနှင့်
ဇာတ်ဆရာ၏ လက်အောက်မှလူများ
ဇာတ်ဆရာငွေပေး ရေးခိုင်းထားသော Media များမှ
ဇာတ်ဆရာမှန်ကြောင်း ၊ ပရိတ်သတ်ကိုစေတနာ
ထားတာသာဖြစ်ကြောင်း တွင်တွင်ရေးခိုင်း၍
လူအများစုကို mind set ချိန်းသည် ။

ဖန်အများစုကတော့ မှန်၏ ဟုတ်၏ပေါ့
လူများလျှင် ဤသည်လည်း ကျွဲ ဖြစ်မည်
ဟုထင်ပုံ

ခုခေတ်ကလူများတိုင်း အနိုင်ရသည်မဟုတ်
လူအများစုဟာဥာဏ်ရှိပြီး အမှားအမှန် ပိုခွဲသိ
လာသောခေတ်ဖြစ်သည်ကို ဇာတ်ဆရာမေ့နေပုံ
ရပါတယ်။

တကယ်က
ဇာတ်ဆရာသည် Channel တစ်ခုနှင့်
Live လွှင်ရန် သဘောတူထားပြီး ၊ ကြည့်ရတာ
အဲ့သည့် channel နှင့်ပဲ ယခု ကပြသောအပိုင်းကို
Replay ပြန်လွှင့်မည်ဟု ခန့်မှန်းလို့ရပါတယ်။

Live လွင့်လျှင် Live အတွက်အကျိုးအမြတ်ရသလို
Replay ပြန်ပြလျှင် Replay ပြခ ထပ်ရပါတယ်။

ဇာတ်ဆရာပြောသွားသောစကားမှာ Record
ရချင်တာလို့ ပါတယ် ၊ သူ့ခေါင်းထဲတွင်
အမျိုးသားဇာတ်ရုံမှ ပရိတ်သတ်များမရှိ
ခပ်ရိုင်းရိုင်းပြောရရင် ဂရုကိုမစိုက်တာ

သူဂရုစိုက်တာဟာ သဘောတူထားသော
ချန်နယ်အတွက် ရိုက်ကူးသောRecord
အကောင်းဆုံးရရှိရေးအတွက်သာ
ဒါကြောင့် ဒီလောက်အသည်းအသန်ဖြစ်နေတာ
ဖြစ်ပါတယ်



#whklt
August 26, 2026 8