RNC သတင်း၊ နည်းပညာ ၊ရသစုံ: post #25197 — TG.ME

■ တရုတ် - နီပေါနယ်စပ် ရုတ်တရက်ရေကြီးလို့ ၁၀ ဦးထက်မနည်းသေဆုံး၊ ကမ္ဘာလှည့်ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံးနေ
--
The Mindat Post
ဩဂုတ် ၂၆၊ ၂၀၂၆

တရုတ်နိုင်ငံ တိဘက်ဘက်မှာ ဒီနေ့ (ဩဂုတ် ၂၆) အစောပိုင်း ရုတ်တရက် ရေကြီးရာကနေ နီပေါမြောက်ပိုင်း တရုတ်နယ်စပ် ရာဆူဝါ (Rasuwa) ခရိုင်ထဲ ရေတွေ အရှိန်ပြင်းပြင်းနဲ့ စီးဝင်လာလို့ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၃၈၀ ကျော် ပျောက်ဆုံးနေပါတယ်။

တရုတ်နိုင်ငံ တိဘက်ကနေ စီးလာတဲ့ ဘိုတေးကိုရှီ (Bhote Koshi) မြစ်ရေဟာ ရုတ်တရက်ကြီး ထိုးတက်လာပြီး မြစ်ကမ်းဘေးက အိမ်တွေနဲ့ တံတားတွေကို မျောပါဖျက်ဆီးသွားတာပါ။

တရုတ်ဘက်မှာလည်း မြေပြိုမှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိသလို ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ဆင်းသက်လို့မရသေးကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

ရေကြီးမှုကြောင့် နီပေါနိုင်ငံရဲ့ ရေအားလျှပ်စစ်စီမံကိန်း ပျက်စီးသွားပြီး ဓာတ်အားထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်းခန့် (၄၃၀ မဂ္ဂါဝပ်) ထိခိုက်ပြတ်တောက်သွားပါတယ်။

သေဆုံးမှုမြင့်တက်လာနိုင်ပြီး နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Nepal Tourism Board) ရဲ့ ဒီနေ့ ညနေပိုင်းအထိ ထုတ်ပြန်ချက်အရ စုစုပေါင်း ခရီးသွား ၃၈၄ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားသား ၂၉၁ ဦးနဲ့ နီပေါနိုင်ငံသား ၉၃ ဦး ပါဝင်ပါတယ်။
---
[
❤2
August 26, 2026 27 1