◼️ထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်ခြင်းမပြုဖို့ CDF-Mara တားမြစ်
၆ စက်တင်ဘာ ||| နွေဦးအသံ |||
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မရာ) CDF - Mara ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ကြိုတင်အကြောင်းကြားတာမရှိဘဲ လက်နက်ခဲယမ်း ကိုင်ဆောင်/သယ်ဆောင်ပြီး လှုပ်ရှားသွားလာခြင်းမပြုဖို့ ကန့်သတ်တားမြစ်လိုက်ကြောင်း အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်မှာလည်း သတင်းပေး(ဒလန်)တွေ သွားလာလှုပ်ရှားနေတာကြောင့် ထိန်းချုပ်နယ်မြေအတွင်း စက်တင်ဘာ ၅ ရက်မှစတင်ပြီး ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ကြိုတင်အကြောင်းမကြားဘဲ လက်နက်ခဲယမ်း ကိုင်ဆောင်/သယ်ဆောင်ပြီး လှုပ်ရှားသွားလာခြင်းမပြုဖို့ CDF - Mara က ကြေညာထားတာပါ။
အဆိုပါတားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်ပေါ်လာမယ့် အခြေအနေတွေအတွက် မိမိတာဝန်သာဖြစ်ကြောင်းကိုလည်း CDF - Mara က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်မြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မရာလူမျိုးအခြေပြု နွေဦးတော်လှန်ရေးတပ်ဖွဲ့ တဖွဲ့ဖြစ်တယ်လို့ CDF - Mara က အသိပေးထားတာ တွေ့ရပါတယ်။
Photo | CDF - Mara
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
14
5
3
1September 6, 2026 1.2K