◼️ကယန်းအမျိုးသားတပ်မတော် KNA ၊ အမှတ် ၂၁၀၈ တပ်ရင်း မွမ်းမံသင်တန်းဆင်းပွဲနဲ့ တွေ့ဆုံပွဲကျင်းပ
၇ စက်တင်ဘာ ||| နွေဦးအသံ |||
ကယန်းအမျိုးသားတပ်မတော် KNA ၊ အမှတ် ၂၁၀၈ တပ်ရင်းရဲ့ တပ်ရင်းမွမ်းမံသင်တန်းဆင်းပွဲနဲ့ တပ်ဖွဲ့ဝင် စုံညီတွေ့ဆုံပွဲကို စက်တင်ဘာ ၆ ရက်၊ ကယန်းဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်းမွမ်းမံသင်တန်းကို ရက်တိုဖွင့်လှစ် သင်ကြားလေ့ကျင့်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲနဲ့ တပ်ရင်းရှိ ရဲဘော်တွေ စုံညီတွေ့ဆုံပွဲကို ပူးတွဲကျင်းပခဲ့ကြောင်း ကယန်းအမျိုးသားတပ်မတော် KNA က စက်တင်ဘာ ၆ ရက်မှာ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။
သင်တန်းဆင်းပွဲကို ကယန်းအမျိုးသားတပ်မတော် ဦးစီးကော်မတီဝင်များ၊ စစ်ဦးစီးကော်မတီနဲ့ မဟာမိတ်အဖွဲ့အစည်းများ၊ လူထုကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | KNA
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
18
5
1September 7, 2026 688 1