ပုလောမြို့နယ် မင်းပြင်ရွာရှိ စစ်အုပ်စုကို KNU/KNDO တိုက်ခိုက်၊ စကစ ၃… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️‌ပုလောမြို့နယ် မင်းပြင်ရွာရှိ စစ်အုပ်စုကို KNU/KNDO တိုက်ခိုက်၊ စကစ ၃ ဦး သေဆုံး

၇ စက်တင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာကို KNU/KNDO ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၃ ရက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDO Drone Forces ထံမှ သိရပါတယ်။

မင်းပြင်ရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတဲ့အပြင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDO Drone Forces က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဲဒီတိုက်ခိုက်မှုကို KNU တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထပ်မံအတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဆက်လက် ထုတ်ပြန်သွားမယ်လို့ KNDO Drone Forces က အသိပေးထားတာ တွေ့ရပါတယ်။

Video | KNDO Drone Forces

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤16👍6
September 7, 2026 504