◼️နွားထိုးကြီး PDF ရဲ့ အခြေခံနဲ့ မွမ်းမံစစ်သင်တန်းများပြီးစီး၊ လက်နက်နဲ့ ကျည်ကာများတပ်ဆင်
၆ စက်တင်ဘာ ||| နွေဦးအသံ |||
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် ၄၊ ၁၀ တပ်ရင်းတို့ရဲ့ အပတ်စဉ် (၇) အခြေခံစစ်ပညာသင်တန်းနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မွမ်းမံသင်တန်းဆင်းရဲဘော်တွေကို လက်နက်နဲ့ ကျည်ကာများ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရဲဘော်သစ်တွေကို အခြေခံစစ်ပညာရပ်တွေနဲ့ တိုက်ခိုက်ရေး ပညာရပ်တွေကို ၃ လခန့်လေ့ကျင့်သင်ကြားခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုနဲ့ တိုက်ခိုက်ရေးစစ်ပညာရပ်တွေကို ၁ လခန့် ပြန်လည်မွမ်းမံသင်ကြားပေးခဲ့တဲ့အပြင် လက်နက်၊ ကျည်ကာဝတ်စုံတွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မွမ်းမံသင်တန်းဆင်းရဲဘော်တွေနဲ့ အခြေခံစစ်သင်တန်းအပတ်စဉ် (၇)မှ ရဲဘော်တွေဟာ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊အမှတ် (၁၀) တပ်ရင်းမှ ရဲဘော်တွေဖြစ်ပြီး တပ်ရင်းမှာ ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားတာပါ။
တော်လှန်ရေးကို ရှေးရှုတဲ့ စိတ်ဓာတ်နဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး ပြည်သူကို မျက်နှာမူတဲ့ တပ်ရင်းတပ်ဖွဲ့အဖြစ် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းတဲ့အထိ ဆက်လက် တွန်းလှန် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀ - နွားထိုးကြီး PDF က အသိပေးထားတာ တွေ့ရပါတယ်။
Photo | Natogyi PDF
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
20
3September 6, 2026 556