ဩဂုတ်လ စတုတ္ထပတ်အတွင်း စစ်တပ်ထံမှ စစ်သုံ့ပန်း ၆ ဦး တော်လှန်ရေးတပ်များ… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️ဩဂုတ်လ စတုတ္ထပတ်အတွင်း စစ်တပ်ထံမှ စစ်သုံ့ပန်း ၆ ဦး တော်လှန်ရေးတပ်များ ဖမ်းမိ

‎၆ စက်တင်ဘာ ||| နွေဦးအသံ |||

နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ထံမှ စစ်သုံ့ပန်း ၆ ဦးကို တော်လှန်ရေးအင်အားစုတွေက သြဂုတ်လ စတုတ္ထပတ်အတွင်း အရှင်ဖမ်းမိခဲ့တယ်လို့ စက်တင်ဘာ ၅ ရက်၊ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ​ထုတ်ပြန်ချက်အရ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ အရှင်ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၆ ဦးဟာ ရှမ်းပြည်နယ်မှာ ၁ ဦးနဲ့ မကွေးတိုင်းမှာ ၅ ဦးတို့ဖြစ်ကြပြီး အဲဒီအထဲမှ ၂ ဦးဟာ စစ်မှုထမ်းတပ်သားသစ်(ပစ)တွေ ဖြစ်တယ်လို့ ကောက်ယူထားတဲ့မှတ်တမ်းတွေအရ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ရွှေကူမြို့နယ်အတွင်း စစ်သင်္ဘောတွေ နစ်မြုပ် ပျက်စီးခဲ့ပြီး KIA ပူးပေါင်းတပ်တွေထံ အများအပြား အလံဖြူထောင်လက်နက်ချခဲ့တဲ့ စစ်သားတွေအနေနဲ့ အသက်ရှင်ခွင့်ရသွားပြီ ဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ အလင်းဝင်၊ လက်နက်ချကြဖို့ ပြည်သူ့ပန်းတိုင်အဖွဲ့က အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | စကစ စစ်သုံ့ပန်းများ

©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤16👍11
September 6, 2026 728 1