နတ်မောက်မှာ စစ်တပ်ရဲ့ ယာဉ် ၂ စီးကို တော်လှန်ရေးပူး‌ပေါင်းတပ်များ… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️နတ်မောက်မှာ စစ်တပ်ရဲ့ ယာဉ် ၂ စီးကို တော်လှန်ရေးပူး‌ပေါင်းတပ်များ မိုင်းဆွဲတိုက်ခိုက်

‎၆ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ နတ်မောက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု ယာဉ် ၂ စီးကို တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၆ ရက်၊ မနက် ၁၀ နာရီခွဲခန့်မှာ မိုင်းကွင်း ၂ ကွင်း ကြိုတင်ပြင်ဆင်ထားပြီး အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကမ်းပြိုကျေးရွာမှ ကုလားရှင်ကျေးရွာဘက်သို့ ထွက်ခွာလာတဲ့ စစ်တပ်ရဲ့ အင်အား ၂၀ ဦးခခန့်ပါ ယာဉ် ၂ စီးကို မိုင်းကွင်း ၂ ကွင်းနဲ့ တိုက်ခိုက်ခဲ့ရာ ပထမယာဉ်မှာ Jammer ကြောင့် မိုင်းမကွဲခဲ့သော်လည်း ဒုတိယယာဉ် ရောက်လာချိန်မှာ ဒုတိယမိုင်းကွင်းနဲ့ အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုဟာ လမ်းတလျှောက် သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်သွားခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က ထုတ်ပြန်ထားတာပါ။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ ကုလားရှင်နဲ့ ကမ်းပြိုရွာရှိ စစ်တပ်က အင်အားသုံးပြီး လမ်းတလျှောက် ကင်းပုန်းချတာ၊ စစ်ကြောင်းထိုးရှာဖွေစစ်ဆေးတာတွေ ပြုလုပ်လျက်ရှိတာကြောင့် ပြည်သူများ သတိပြု ရှောင်ရှားသွားလာကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်နဲ့ မြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြို့သစ် ပကဖ) တို့က ပူးတွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရာမှာအသုံးပြုတဲ့ Remote နဲ့ Receiver တွေကို Anonimus Group (Yangon) က ထောက်ပံ့ပေးခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | စစ်ဦးစီးတပ်

©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍19❤6
September 6, 2026 696 1