Department of Traditional Medicine, Myanmar: post #25182 — TG.ME

တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ (၂၅) ခုတင် ဆံ့ တိုင်းရင်းဆေးရုံမှ (၃၁-၈-၂၀၂၆) ရက်‌နေ့၊ နေ့လယ် (၁:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ ဆေးရုံအုပ် ဦးညီညီမောင်၊ ဒုတိယ‌တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်း‌ဌေး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန်းစန်း‌ထွေးနှင့် ညောင်ဦးခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးတင်စိုး တို့ပါဝင်သော အဖွဲ့သည် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့နှင့်ပူးပေါင်း၍ ညောင်ဦးမြို့၊ သာသနာ့ရောင်ခြည်သီလရှင် စာသင်တိုက်သို့ သွားရောက်၍ လူကြီး (မ) (၂၅)ဦး၊ ကလေး (မ) (၅)ဦး၊ စုစုပေါင်းလူနာ (၃၀)ဦး တို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
September 1, 2026 141