Hello
နန်းတို့ဒီလအတွက်ပုံမှန်ဆိုအတန်းအသစ်တွေ ဒီချိန်စကြပြီဆိုပေမယ့် ဒီကာလမှာတော့ နန်းကိုယ်တိုင်ရဲ့ စိတ်အခြေအနေကတော်တော်လေးဆိုးနေတာမို့ အတန်းတွေကိုမစနိုင်ခဲ့ပါဘူး ခုလက်ရှိလက်ခံထားဆဲ သင်နေဆဲဖြစ်တဲ့ အတန်းတွေကလွဲရင် by one class နဲ့ ဘန်ကောက်အတွင်းအိမ်တိုင်ရာရောက်သင်ချင်သူတွေကိုပဲလက်ခံပါတော့မယ် GP classတွေက မီးမရတာနဲ့လိုင်းမရတာနဲ့ တစ်ယောက်တစ်မျိုးစီ အဆင်မပြေမှု့တွေကြားထဲအတတ်နိုင်ဆုံးလိုက်ညှိပေးခဲ့ပေမယ့် အများနဲ့ဖြစ်တဲ့အတွက် အတော်အဆင်မပြေဖြစ်လို့ပါရှင့် ပြီးတော့ ဒီ channel နဲ့တခြားသော နန်းရဲ့ စာသင်တဲ့platformများကို ဒီတစ်လောတော့ရပ်နားထားပါရစေရှင့် နန်းရဲ့အဖိုးတန်လှတဲ့subscribersတွေထဲမှာ ခုချိန် စာသင်ဖို့ကို ဘယ်လိုမှအာရုံမစိုက်နိုင်တဲ့ သူတွေပူဆွေးနေတဲ့သူတွေရှိတာမို့ သူတို့လေးတွေကိုပဲ အားပေးရင်း အလှူကိစ္စလေးတွေလုပ်ရင်းအချိန်ပေးကြရအောင်နော် 🤍










