Let's Self-study (Thai Language): post #463 — TG.ME

สวัสดีค่ะ .....💙
လာမယ့် May လအတွက် လက်ခံသွားမယ့်ဒီအတန်းလေးနှစ်ခုနဲ့ပတ်သက်ပြီးအသေးစိတ်ရှင်းပြပေးသွားပါမယ်ရှင့် ပထမတစ်ခုကတော့ Basic Classပါ ဒီအတန်းကတော့ ထိုင်းစာကို 4 skills လုံးတတ်ချင်ပါတယ်ဆိုတဲ့သူတွေလုံးဝလက်မလွှတ်သင့်တဲ့ အတန်းလေးပါ ဗျည်း၊သရ၊ဗျည်းနဲ့သရအသံသီအိုရီတွေကစပြီး စာလုံးပေါင်းတတ်သည်အထိတာဝန်ယူသင်ကြာပေးမှာပါ Basic အတန်းကို အချိန်3လပေးရပါမယ်နော် ( နန်းပေးတဲ့အိမ်စာနဲ့လမ်းညွှန်တဲ့အတိုင်းလိုက်လုပ်ရင် 3လအတွင်း ဘာတိုးတက်မှမရှိဘူးဆို သင်တန်းကြေးပြန်လျော်ပေးမယ်😗) စမယ့်ရက်ကတော့ မေလ ပထမအပတ်ကနေစမှာပါရှင့်

ဒုတိယတစ်ခုအနေနဲ့ကတော့ Level 1 class ပါတစ်ခုရှိတာကတော့ Entrance testလေး‌ဖြေရပါမယ် testမှာသတ်မှတ်ထားတဲ့ အမှတ်ထက်နည်းခဲ့ရင် ဒီအတန်းတွက်လက်မခံပါဘူးနော် အတန်းက ‌Mayမှစမှာဖြစ်တဲ့အတွက် ဒီကြားထဲစာပြန်နွှေးထားနိုင်ပါတယ် Test Question အတွက်က free ဖြစ်လို့ Level 1တက်ချင်သူတိုင်းလာတောင်းလို့ရပါတယ် 😉 (Test date- 27.4.2024)
တခုက သင်တန်းFeesတွေက Baht ,MMK နှစ်မျိုးလုံးရပါတယ်နော် အသေးစိတ်မေးမြန်းချင်သေးတယ်ဆိုရင်တော့ @N752002 ကိုလာမေးနိုင်ပါတယ်ရှင့်💙
❤12👍5
April 20, 2024 5.5K 4