☀️ စိတ်ဖိစီးမှုတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အပြုသဘောဖြင့် နေထိုင်ခြင်းကသာ ART ဆေးကို ပုံမှန်သောက်သုံးဖို့ စိတ်အားထက်သန်မှုကို ပေးနိုင်ပါတယ်။
😴 အိပ်ရေးဝအောင် အိပ်ပါ။ နေ့စဉ် ၇-၈ နာရီ ပြည့်အောင် အိပ်စက်အနားယူပါ။။
🍱 အာဟာရပြည့်စုံမျှတတဲ့ အစားအစာ စားသုံးပါ။ အာဟာရ ပြည့်ဝတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ပရိုတင်းဓာတ်များကို စားသုံးပေးပါ။ အငန်၊ အချို နဲ့ ဆီများ အများအပြားစားသောက်တာကို ရှောင်ကြဉ်ပါ။
💢 မိသားစု၊ သူငယ်ချင်းများ နဲ့ နေ့စဉ်ပြောဆိုပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားရယူပါ။
#ART #UequalsU #uequalsumyanmar














