ကြူးတယ်ပဲဆိုဆို... ကျွန်မ ချစ်သူလေးကို ဂရုစိုက်ပုံလေးတွေ ပြောပြမယ်။ ❤️
သူ့မှာ HIV ကူးစက်ခံထားရတယ်လို့ ဖွင့်ပြောကတည်းက HIV အကြောင်းလေ့လာပြီး အမြဲ အားပေးဖြစ်တယ်။
💊 ART နေ့တိုင်းသောက်ဖို့ သတိပေးဖြစ်တဲ့အပြင်
🎯 ပိုးကောင်ရေ နှစ်စဉ် ပုံမှန်စစ်ဖို့ လည်းတိုက်တွန်းဖြစ်တယ်။
သူ ပိုးထိန်းထားနိုင်လို့ U=U အခြေအနေဖြစ်သွားတဲ့အခါ ကျွန်မတို့ဆီလည်း ပိုးမကူးတော့ဘူး။ ကျွန်မတို့ဆီ ရောက်လာမယ့် ရင်သွေးလေးဆီလည်း ပိုးမကူးနိုင်တော့ဘူး။
ပျော်စရာမိသားစုဘဝလေးတည်ဆောက်ဖို့ စဉ်းစားရင်း ပျော်နေမိတာ နေ့တိုင်းပဲ။ 👨👩👦
ထိရောက်တဲ့ U=U ကို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေပါ ပေါင်းထည့်လိုက်တော့ ကျွန်မတို့ရဲ့ ချစ်ခြင်းတရားက ပိုမို လှပ ခိုင်မြဲလာပါတော့တယ်။ 💕
#UequalsU #UequalsUMyanmar
28
2July 25, 2025 3.2K 9






