ဒုတိယသမ္မတ ဦးညိုစော (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ဒုတိယသမ္မတ ဦးညိုစော (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို တက်ရောက်ပြီး ရန်ကုန်မြိုသို ပြန်လည်ရောက်ရှိ

စက်တင်ဘာ ၅


ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို တက်ရောက်ပြီး စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထွက်ခွာပြီး ညနေပိုင်းတွင် ရန်ကုန်မြိုသို ပြန်လည်ရောက်ရှိကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန် မြိုတော်ဝန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက် ဒရေးရှင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ ဦးဆောင်သည့် ခရီးစဉ်တွင် အဖွဲဝင်အဖြစ်လိုက်ပါသွားကြသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒုတိယဝန်ကြီး များလည်း ပြန်လည်လိုက်ပါလာကြသည်။

TruthZoneOnline
👍17❤11👏3
September 6, 2026 540 1 1