ထားဝယ်ရိုးရာ ပုလဲဧကရီဖက်ရှင်နှင့် ဆံကေသာအလှပြပွဲ ကျင်းပ စက်တင်ဘာ ၅… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ထားဝယ်ရိုးရာ ပုလဲဧကရီဖက်ရှင်နှင့် ဆံကေသာအလှပြပွဲ ကျင်းပ

စက်တင်ဘာ ၅


ထားဝယ်ရိုးရာ ပုလဲဧကရီဖက်ရှင်ပြိုင်ပွဲနှင့် ဆံကေသာအလှပြပွဲကို စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တာဝန်ရှိသူများ၊ ယဉ်ကျေးမှုနှင့် အနုပညာရှင်များ၊ ဖက်ရှင်ဒီဇိုင်နာများ၊ ဆံကေသာအလှပညာရှင်များနှင့် ပြိုင်ပွဲဝင်အလှမယ်များ တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ်က အဆိုပါပွဲသည် ဖက်ရှင်နှင့် အလှအပပြသခြင်းသာမက ထားဝယ်ဒေသ၏ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဆံကေသာပုံစံနှင့် မျိုးဆက်သစ်လူငယ်များ၏ ဖန်တီးနိုင်စွမ်းများကို ဖော်ထုတ်ပြသသည့် အခမ်းအနားဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရိုးရာဖက်ရှင်နှင့် ဆံကေသာအလှကို ထိန်းသိမ်းခြင်းသည် ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် အမှတ်သညာများကို ထိန်းသိမ်းကာ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးခြင်းဖြစ်ကြောင်းလည်း အလေးထားပြောကြားခဲ့သည်။

TruthZoneOnline
👍28❤8👏3🥰1
September 6, 2026 918 1