ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံဆွေးနွေး

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
 
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်ဆိုင်ရာ မျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် အာဆီယံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် လွှတ်တော်နှစ်ရပ်အကြား နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်မျှော်လင့်ထားပါကြောင်းဖြင့် ပြောဆိုဆွေးနွေးသည်။

TruthZoneOnline
❤21👍8👏3😍2🥰1💯1
September 5, 2026 674 2