သဘာဝရေကန်အတွင်း ရေဆင်းကူးရာမှ အမျိုးသမီး ၂ ဦး ရေနစ်သေဆုံး စက်တင်ဘာ ၄… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

သဘာဝရေကန်အတွင်း ရေဆင်းကူးရာမှ အမျိုးသမီး ၂ ဦး ရေနစ်သေဆုံး

စက်တင်ဘာ ၄


၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိ သဘာဝရေကန်၌ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး ရေဆင်းကူးရာမှ အမျိုးသမီး ၂ ဦး ရေနစ်ပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိသဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသမီး ၂ ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

တွေ့ရှိခဲ့သည့် အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းများအား တပ်ကုန်းမြို့နယ် ကုတင် ၁၀၀ ဆေးရုံသို့ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

TruthZoneOnline
😢26😱10❤2
September 4, 2026 701 2