ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇ သောင်းကျော်ရှိပြီး ART… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇ သောင်းကျော်ရှိပြီး ART ဆေးပေးဌာန ၆၂ ခုတွင် အခမဲ့ ဖြန့်ဝေပေးနေ

စက်တင်ဘာ ၂


ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ အရေအတွက် ၇၀,၂၅၃ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း မေးမြန်းဖြေကြားချက်များအရ သိရသည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ART ဆေးဝါးဖြန့်ဖြူးမှုဆိုင်ရာ မေးမြန်းချက်ကို ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ HIV လူနာများအတွက် ခုခံအားကျ ကာလသားရောဂါ တို-က်ဖျ-က်ရေးဌာနများနှင့် ART ဆေးပေးဌာန စုစုပေါင်း ၆၂ ခုတွင် ဆေးဝါးများကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိပြီး မြို့နယ်အားလုံးနီးပါးကို လွှမ်းခြုံထားကြောင်း သိရသည်။

ထို့ပြင် ဆေးဝါးပြတ်လပ်မှု မရှိစေရန် နှစ်စဉ် လိုအပ်ချက်များကို ကြိုတင်တွက်ချက် ဝယ်ယူလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ART ဆေးဝါးဝယ်ယူရေး ဘဏ္ဍာငွေခွဲတမ်းကို အခြားရောဂါများထက် ဦးစားပေး သုံးစွဲနေကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။popular

TruthZoneOnline
😱19❤8👍7🙏2👌1
September 2, 2026 981 1 2