မိုးရေကြောင့် ယာယီရပ်နားထားသည့် ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထား စက်တင်ဘာ ၅ ရက်မှ ပြန်လည်ပြေးဆွဲမည်
နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယာယီရပ်နားထားရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ် ကို ရထားလမ်းပိုင်း ပြုပြင်မှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် စက်တင်ဘာ ၅ ရက်မှစတင်၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ခရီးသွားပြည်သူများအား အသိပေးထားသည်။
TruthZoneOnline
17
14
2
2
1September 1, 2026 1K 1 1









