တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အထက်ရှိနေပြီး စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရ
တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်ထက်ရောက်ရှိနေပြီး မြိုပေါ်နှင့်ကျေးရွာများတွင် စာသင်ကျောင်း ၁၇ ကျောင်းအထိပိတ်ထားရကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက် တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ် ၂၄ ပေ အထက် ၁ ပေ ၁၀ လက်မကျော်ကာ ၂၅ ပေ ၁၀ လက်မတွင်ရှိနေကြောင်း သိရသည်။
မြစ်ရေကြီးမှုကြောင့် မြိုပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်း ၁၇ ကျောင်းအထိ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၁ဝခု ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေကြောင်းသိရပြီး လူဦးရေ ၂ ထောင်ခန့်အား ကူညီဆောင်ရွက်မှုပေးထားကြောင်း သိရသည်။
တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး၊ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ်ကြောင်း သိရသည်။
TruthZoneOnline
19
7
4
3
2
1September 1, 2026 1.1K 2 1









