မိတ္ထီလာမြို (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မိတ္ထီလာမြို (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စက်တင်ဘာ ၁၉ ရက်တွင် စတင်ကျင်းပမည်​


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို၏ (၁၄၃) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။​

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားပွဲ၊ ဈေးဆိုင်တန်း အရောင်းဆိုင်များ၊ ချားရဟတ်များ၊ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။​

ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများနှင့် ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်နှစ်တိုင်း နေရာချထားပေးသည့် ဖောင်တော်ဦးစေတီတော်လမ်း၊ ဓမ္မသုခ ရွှေစည်းခုံစေတီအနီး၊ နန်းတော်ကုန်းရပ်ကွက်နှင့် မိတ္ထီလာမြောင်းကန် အနီးအနားများတွင် စနစ်တကျ နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

TruthZoneOnline
🙏25❤16👍7👏2👌1
September 1, 2026 1K 3