တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်ပေးခဲ့တဲ့ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲကြီး
၅-၉-၂၀၂၆
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏စီစဉ်ညွှန်ပြမှုဖြင့် တပ်ဖွဲ့တွင်းအဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲကြီး ကျင်းပပေးခဲ့တာ (၁၉)ကြိမ်မြောက်ဖြစ်လာခဲ့ပါပြီ။
ယခုလို ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်နှင့်မျိုးချစ်စိတ်၊ဇာတိသွေး၊ဇာတိမာန်များရှင်သန်ထက်မြက်စေရန် ရည်ရွယ် ချက်များဖြင့်ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်။
ပြိုင်ပွဲကာလကို ၂၀၂၆ ဩဂုတ် ၂၆ မှ ၃၁ရက်နေ့ထိ ကျင်းပခဲ့ကြပြီး ပြိုင်ပွဲကာလတစ်လျှောက်
တပ်ဖွဲ့များက မိမိတတ်ကျွမ်းတဲ့အနုပညာရပ်များကို တက်ညီလက်ညီဖြင့် စိတ်အားထက်သန်စွာ ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရှိရပါတယ်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ စက်တင်ဘာ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး တပ်မတော်အကြီးအကဲများ ကိုယ်တိုင်တက်ရောက်ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲကာလတစ်လျှောက် အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိတဲ့ တပ်ဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုယ်တိုင် တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို တပ်မတော်အကြီးအကဲက ကိုယ်တိုင်တက်ရောက်ပြီး ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်တဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူပီတိဖြစ်ရပါကြောင်း တင်ပြလိုက်ရပါတယ်။
Truth Waves
13
5September 5, 2026 845 1 7